DVB Logo
Home
မြန်မာသတင်း
ရှမ်းမြောက်စစ်ဘေးဒုက္ခသည်များကို ကူညီရန် UNOCHA က ဒေါ်လာ ၁ သန်း သုံးစွဲမည်
DVB
·
November 10, 2023
ရှမ်းမြောက်စစ်ဘေးဒုက္ခသည်များကို ကူညီရန် UNOCHA က ဒေါ်လာ ၁ သန်း သုံးစွဲမည်
1 / 8
Donate to DVB

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးအရှိန်မြင့်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲတွေကြား စစ်ဘေးဒုက္ခသည်တွေ တိုးလာပြီးနောက် ဒီ သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၁ သန်း သုံးစွဲသွားမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးစလို့ ၂ ပတ်အကြာ နိုဝင်ဘာ ၉ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အရပ်သား ၅ သောင်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း UNOCHA ရဲ့ စာရင်းတွေအရ သိရပါတယ်။ 

ဒုက္ခသည်တွေကို ဝင်ရောက်ကူညီနိုင်ဖို့ သက်ဆိုင်ရာ အစုအဖွဲ့အားလုံးက တိုက်ပွဲတွေရပ်တန့်ပြီး အတားအဆီးမဲ့ ဝင်ရောက်ကူညီခွင့်ပြုဖို့ အရေးကြီးတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ လားရှိုးမြို့ကို အဓိကဆက်သွယ်ထားတဲ့လမ်းတွေ ပိတ်ဆို့ခံထားရသလို ရှမ်းပြည်နယ်မြောက်ပိုင်းက လမ်းတွေလည်း ကန့်သတ်ခံထားရကြောင်း၊ အခုပေးမယ့် အရေးပေါ် အကူအညီအတွက် အမေရိကန်ဒေါ်လာတသန်းကလည်း မြင့်မားလာတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း UNOCHA က ပြောထားပါတယ်။

စစ်ဘေးရှောင်တွေကိုတော့ ကိုးကန့်တပ်ဖွဲ့ MNDAA အနေနဲ့ လက်လှမ်းမီနိုင်တဲ့ နေရာတွေကို အတတ်နိုင်ဆုံး ကူညီနေပြီး အခုပိတ်မိနေတဲ့သူတွေကိုတော့ မိမိတို့ အဖွဲ့အစည်းက အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ပြီးတော့ သူတို့နဲ့ အချိတ်အဆက်တွေ လုပ်နေကြောင်းနဲ့ တသုတ်ပြီးတသုတ်ကိုလည်း ပြောင်းရွှေ့နေကြောင်း MNDAA ပြောခွင့်ရ လီကျားဝင်းက ဒီဗွီဘီကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲတွေအတွင်း အရပ်သား ၁၉ ဦး သေဆုံးပြီး ၃၉ ဦး ဒဏ်ရာရခဲ့သလို အနည်းဆုံး နေအိမ် ၂၀၀ ပျက်စီးခဲ့တယ်လို့ UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013