DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ တပ်သိမ်းမြေအချို့ မူလတောင်သူများကို လုပ်ပိုင်ခွင့်ပေး
DVB
·
August 15, 2014
ကန့်ဘလူ တပ်သိမ်းမြေအချို့ မူလတောင်သူများကို လုပ်ပိုင်ခွင့်ပေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာတ၀ိုက်က တပ်သိမ်းယာမြေ တချို့ကို မူလတောင်သူတွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် လုပ်ပိုင်ခွင့် ဧရိယာတွေကို မနေ့က သတ်မှတ်ပေးပြီးပြီလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

[caption id="attachment_62439" align="alignright" width="417"]Military give farme ဓာတ်ပုံ- တင်မျိုး[/caption]

တပ်၊ မြေစာရင်းနဲ့ တောင်သူတွေ ပူးပေါင်းတိုင်းတာရာမှာ ကွင်း ၉၊ ခွဲ ၃ မှာ သိမ်းဆည်းမြေ ဧက ၃ ရှိပြီး ပထမအဆင့် သဘောတူညီချက်အရ ဧက ၃၀၀ ကျော်ကို သီနှံစိုက်ပျိုးခွင့် ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

“သီးနှံစိုက်ပျိုးခွင့်ပဲ ပြန်ပေးတာပါ။ မြေတွေ ပြန်ပေးတာ မဟုတ်ပါဘူး။ ဒီမြေတွေကို တပ်က လက်မလွှတ်ဘူးလို့ ပြောခဲ့တာရှိပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

တပ်မတော် ကြံစိုက်ပျိုးရေးတပ်ခွဲ ၅ က ဗိုလ်မှူးတေဇက “ဒီမြေတွေကို တပ်က သိမ်းခဲ့တာ မဟုတ်ပါဘူး။ လယ်/ဆည်ကတဆင့် တပ်က လွှဲယူခဲ့တာပါ။ ပြီးတော့ မူလပိုင်ရှင်လို့ ပြောနေသူတွေမှာ ပိုင်ဆိုင်တဲ့ အထောက်အထား မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ တောင်သူ ၅၈ ယောက်ကို မြေဧက ၃၄၀ ကျော်မှာ စိုက်ပျိုးဖို့ သတ်မှတ်ပေးထားပြီး အခွန်အခ တစုံတရာပေးဖို့မလိုဘဲ သတ်မှတ်စည်းကမ်းတွေနဲ့ စိုက်ပျိုးဖို့ပဲ လိုတယ်လို့ ဗိုလ်မှူးတေဇက ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ လယ်ယာမြေဧက ၁၃ဝဝဝ လောက်ကို ၁၉၉၁ ခုနှစ်တုန်းက စစ်တပ်က သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013