DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာ MOU အလုပ်သမား ၁၇ ဦး လုပ်ခလစာ မရ 
DVB
·
November 10, 2023
ထိုင်းနိုင်ငံတွင် မြန်မာ MOU အလုပ်သမား ၁၇ ဦး လုပ်ခလစာ မရ 
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ဘန်ခဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် (MOU) စနစ်နဲ့ သွားရောက် လုပ်ကိုင်ခဲ့တဲ့ မြန်မာအလုပ်သမား ၁၇ ဦးဟာ တလနီးပါး အလုပ်လုပ်ကိုင်ခဲ့ရပေမယ့် လုပ်ခလစာ မရဘူးလို့ ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံ၊ လယောင်မြို့၊ ဘန်ချန်းရှိ TPWJ Service ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာနိုင်ငံမှ Htet Marn Service ကုမ္ပဏီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ကုမ္ပဏီက မြန်မာအလုပ်သမားတွေကို စာချုပ်ပါလုပ်ငန်းခွင် မဟုတ်ဘဲ ထိုင်းနိုင်ငံ၊ ပထုံဌာနီကို စက်တင်ဘာ ၂၀ ရက်က ပို့ဆောင်ပေးခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဟာ ပထုံဌာနီမှာ ဘာအလုပ်အကိုင်မှမရှိဘဲ ကိုယ့်စရိတ်နဲ့ကိုယ် ၂၂ ရက် ကြာနေထိုင်ခဲ့ရပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာ ဘန်ကောက်မြို့၊ ဘန်ခဲရှိ TP Housing and Construction သို့ ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။

ကာယကံရှင်အလုပ်သမား တဦးက “ကျနော်တို့ ဘန်ခဲရောက်တဲ့အချိန်မှာ တလကြာ အလုပ်လုပ်ကိုင်ပြီးတဲ့နောက် အဲဒီသူဌေးက လုပ်အားခ မထုတ်ပေးဘူး။ ကျနော်တို့ကို လာပို့ပေးတဲ့ ကားသမား ကိုလမင်းက သူဌေးဆီမှာ ဘတ်ငွေသုံးသောင်းတောင်းသွားတာမို့လို့ အဲဒီငွေကို ပြန်ပေးမှ လုပ်အားခပေးမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ အဲဒီပြဿနာကို မြန်မာအေးဂျင့် ကလည်း တာဝန်ယူဖြေရှင်းပေးတာမျိုး မရှိဘူး။ လုပ်အားခမရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေကြုံနေရတယ်”လို့ ပြောပါတယ်။

အလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း (WAG) မှ ကိုမုန်တိုင်းက “ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မြန်မာအေးဂျင့်ကို ဆက်သွယ်တယ်။ အေးဂျင့်ဘက်ကလည်း အခုကိစ္စအပေါ်မှာ တာဝန်ယူ မဖြေရှင်းပေးဘူး။ မြန်မာအလုပ်သမားတွေရှိတဲ့ လုပ်ငန်းခွင်ကို ဝင်စစ်ပေးဖို့နဲ့ မြန်မာ အလုပ်သမား တွေကို ပြန်ခေါ်ထုတ်ဖို့ နယ်မြေခံရုံးတွေကို ချိတ်ဆက်နေတယ်။ လက်ရှိမှာ မြန်မာ အလုပ်သမားတွေကို အပြင်ထွက်ခွင့်မပေးဘူး။ မြန်မာအေးဂျင့်တွေက ဖြေရှင်းပေးမယ့်ပုံ မပေါ်ပေမဲ့ ထိုင်းအာဏာပိုင်တွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်သွားမယ်”လို့ပြောပါတယ်။

ကာယကံရှင်အလုပ်သမားတစ်ဦးက “ကျနော်တို့ကို လုပ်အား လစာနဲ့ အလုပ်တခုကို အတိအကျ အေးဂျင့်ဘက်က တာဝန်ယူပေးမယ်ဆိုရင် အဆင်ပြေပါတယ်။ အခုလက်ရှိပြဿနာကို အေးဂျင့်ဘက်က တာဝန်မယူဘူးဆိုရင်တော့ စာချုပ်ပါအတိုင်း လျော်ကြေးတောင်းပြီး တရားစွဲ သွားမယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမားပေါင်း ၄၀၀,၀၀၀ ခန့်ရှိတယ်လို့ ဘန်ကောက်ပို့သတင်းအရသိရပြီး ထိုင်းနိုင်ငံ အတွင်း တရားဝင်အထောက်အထားရှိသူ၊ အထောက်အထားမရှိသူ မြန်မာအလုပ်သမား သန်းနဲ့ချီ ရှိနေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013