DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ အယုဒ္ဓယတွင် တရားမဝင်ဝင်ရောက်လာသည့်  မြန်မာ  ၁၁ ဦး ဖမ်းဆီးခံရ
DVB
·
November 10, 2023
ထိုင်းနိုင်ငံ အယုဒ္ဓယတွင် တရားမဝင်ဝင်ရောက်လာသည့်  မြန်မာ  ၁၁ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင် အာရှအမြန်လမ်းပေါ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို နိုဝင်ဘာ ၈ ရက်နေ့လယ်ပိုင်းမှာ  အယုဒ္ဓယရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ Thai Rath သတင်းမှာဖော်ပြပါတယ်။

အယုဒ္ဓယရဲစခန်းမှ ရဲမှူးကြီး အူဒုန်ဖုန်းဦးဆောင်တဲ့ အမြန်လမ်းရဲတပ်အဖွဲ့ဟာ အာရှလမ်းမကြီးပေါ်မှာ စစ်ဆေးနေစဉ် မွန်းလွဲ ၂ နာရီလောက်က မသင်္ကာဖွယ် Isuzu မီး‌ခိုးရောင်ကားတစီးကိုတွေ့ရှိတဲ့အတွက် ရပ်တန့်စစ်ဆေးခံဖို့ အချက်ပြခဲ့ပါတယ်။

ကားဟာ အစစ်အဆေးမခံပဲအရှိန်ပြင်းပြင်းမောင်းထွက်သွားတဲ့အတွက် ရဲတပ်ဖွဲ့ကကားနဲ့ ၁၂ ကီလိုမီတာအကွာမှာ ပိတ်ရပ်ဖမ်းဆီးနိုင်ခဲ့ပေမဲ့ အရှိန်မထိန်းနိုင်ပဲ ရဲမှူးကြီးကားကို ဝင်တိုက်ခဲ့ပြီး ရဲမှူးကြီးကားမှာ ပျက်စီးခဲ့ရပါတယ်။

အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသားမောင်းနှင်လာတဲ့ အဆိုပါကားပေါ်မှာ တရားဝင်အထောက်အထားစာရွက်စာတမ်းမပါရှိတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၆ ဦးတို့ကို ‌ဖမ်းဆီးရမိခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဟာ မြန်မာနိုင်ငံထဲက မဲဆောက်မြို့ကိုဖြတ်ပြီး ရတ်ချ်ဘူရီ၊ ပထုံသာနီနဲ့ ဘန်ကောက်မြို့မှာသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားကို ဘတ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိပေးဆောင်ခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသား ၁၁ ဦးကို ဗန်ပါဟန်းရဲစခန်းမှာ ဥပဒေအရအရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေပြီး လူဝင်ကြီးကြပ်ရေးကတဆင့် မြန်မာနိုင်ငံ ပြန်ပို့ဖို့ ဆောင်ရွက်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

Source/Photo. Thai Rath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013