ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဟယ်ရီကိန်း ၃ လခန့် အနားယူရဖွယ်ရှိ

သောကြာနေ့က ကစားခဲ့တဲ့ ကိုလုံးအသင်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်အတွင်း ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ၃ လလောက် အနားယူ ရဖွယ် ရှိနေတယ်လို့ Sky sports သတင်းမှာ ဖော်ပြပါတယ်။
၁ ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲရဲ့ ပွဲချိန် မိနစ် ၂၀ မှာ ဟယ်ရီကိန်းဟာ ကိုလုံးနောက်ခံလူ ဂျိုးလ်ရှမစ်ဒ်နဲ့ ထိခိုက်မိရာကနေ ခြေကျင်းဝတ်အရွတ် စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်ကြောင်း ဘိုင်ယန်အားကစား ဒါရိုက်တာ မက်စ်အီဘဲလ်က အတည်ပြုပါတယ်။
မကြာသေးခင်ကမှ Ballon d'Or ဆု ရရှိထားသလို အင်္ဂလန်အသင်းအတွက် ပွဲအများဆုံး ကစားသမားဖြစ်လာခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ဟယ်ရီကိန်း ဒဏ်ရာရသွားတာဟာ ဘိုင်ယန်မြူးနစ်အတွက် ထိုးနှက်ချက်တခု ဖြစ်လာပါတယ်။
Source: Sky sports
Photo:Reuters











