DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေ ဥပဒေပြင်ဆင်ပေးရန် တောင်းဆိုမည်
DVB
·
August 15, 2014
လယ်ယာမြေ ဥပဒေပြင်ဆင်ပေးရန် တောင်းဆိုမည်
1 / 3
Donate to DVB

သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့နဲ့ ၂၀၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့် တောင်းဆိုသွားမယ်လို့ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ပြုလုပ်တဲ့ တောင်သူလယ်သမား ဆွေးနွေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

လယ်မြေဧက ထောင်ချီသိမ်းခံထားရပြီး ထွန်တုံးတိုက်ပွဲကြောင့် လယ်သမားတွေ အရေးယူ ထောင်ချခံနေရတဲ့ ပန်းတနော်မြို့မှာ လယ်ယာမြေအရေးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခု ဒီနေ့ပြုလုပ်ခဲ့တာပါ။

ကျောင်းကုန်း၊ အိမ်မဲမြို့တွေက လယ်သမားတွေလည်း လာရောက်ပြီး လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားအရေး ကူညီနေတဲ့ ဦးဇော်ရမ်းက အခုလို ပြောပါတယ်။

“လယ်ယာမြေတွေ မတရားသိမ်းထားတာကို ကော်မရှင်က ဖော်ထုတ်တယ်။ လယ်သမားတွေ အကျိုးစီးပွားနစ်နာတာ၊ ဥပဒေနဲ့ မညီဘဲ သိမ်းတာတွေလည်း ဖော်ပေးတယ်။ အကြံပြုချက်မှာလည်း ဒီလို ဒါတွေ ဖြစ်တဲ့အတွက် ဒါတွေကို လုပ်မပေးရင် တိုင်းပြည်မတည်မငြိမ် ဖြစ်နိုင်တယ် အန္တရာယ်ရှိတယ်လို့ ဖော်ပြတယ်။ အကြံပြုချက်မှာလည်း ပြန်ပေးဖို့ လျော်ကြေးပေးဖို့ နောက်ဆုံး ကုန်ကုန်ပြောမယ်ဆိုရင် မတရားသိမ်းတာကို တရားစွဲ ဖို့အတွက် မတရားသိမ်းတာကို ကူညီတဲ့သူတွေကို အစိုးရ၀န်ထမ်းတွေကအစ အရေးယူဖို့အထိ အစီရင်ခံစာ ၄ မှာ ဖော်ပြထားတာတွေကို ကျနော်တို့က ယေဘူယျ အားဖြင့် ထောက်ခံတဲ့အတွက် အောက်ခြေအဆင့် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်တွေကို ဒီအစီရင်ခံစာကို မူတည်ပြီးတော့ အမှန်တိုင်းလုပ်ပေးပါဆိုပြီးတော့ ကျနော်တို့က ထပ်ဆင့်တောင်းဆိုမယ်။”

ပြီးတော့ မြေယာစီမံခန့်ခွဲရေးကော်မတီတွေမှာ အုပ်ချုပ်ရေးပိုင်းက ပါဝင်နေတဲ့အတွက် သိမ်းဆည်းမြေယာတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရာမှာ အဆင်မပြေတဲ့အတွက် ၂၀၁၂ လယ်ယာမြေဥပဒေကို ပြင်ဆင်ဖို့် တောင်းဆိုမယ်လို့လည်း ဒီနေ့ ဆွေးနွေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

လွှတ်တော် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အကြံပြုချက်ဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာဒေသအသီးသီးက သိမ်းဆည်းခံမြေ ကိစ္စတွေကို ပါဝင် ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

သိမ်းဆည်းခံ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ပွဲကိုလည်း မကြာခင် ရက်ပိုင်းမှာ ပြုလုပ်သွားမယ်လို့ ဦးဇော်ရမ်းက ပြောပါတယ်။

ဧရာဝတီတိုင်းအပါအ၀င် တနိုင်ငံလုံးမှာ တပ်မတော်၊ ကုမ္ပဏီနဲ့ ဌာနဆိုင်ရာတွေက သိမ်းဆည်း ထားတဲ့ လယ်မြေဧက သိန်းနဲ့ချီ ရှိနေပါတယ်။

တရားစွဲခံ တောင်သူများကို ရုံးထုတ်စဉ် ဓာတ်ပုံ-အောင်မြင့်
[gallery ids="62396,62397,62398"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013