DVB Logo
Home
မြန်မာသတင်း
အစိုးရ သတင်းထုတ်ပြန်ချက် အားနည်းနေသေးဟု မီဒီယာသမားများပြော
DVB
·
August 14, 2014
အစိုးရ သတင်းထုတ်ပြန်ချက် အားနည်းနေသေးဟု မီဒီယာသမားများပြော
Donate to DVB

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေရဲ့ သတင်းတွေ​ ​သတင်းစာ ဂျာနယ်တွေ​ကို​ ပေးပို့နေပေမယ့် အစိုးရအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ဟာ အားနည်းနေသေးတယ်လို့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က အစိုးရအဖွဲ့နဲ့ ၀န်ကြီးဌာနတွေရဲ့ သတင်းတွေကို ဖြန့်ဝေမယ်လို့ ပြောကြားပြီး ရက်ပိုင်းအကြာမှာ သမ္မတကြီးရဲ့ သတင်းတွေကို အစမ်းပို့ ပေးနေတာလို့ သူရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပြောဆိုသလို မီဒီယာတွေက သတင်းတွေ စတင် လက်ခံရရှိကြပါတယ်။

IMG_2205အစိုးရဘက်က ဒီလို ဆောင်ရွက်ချက်ကို သတင်းထောက်တွေ၊ အယ်ဒီတာတွေက ကြိုဆို လိုက်ပေမယ့် အားနည်းနေသေးတယ်လို့ ထောက်ပြပြောဆိုပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) က ဦးချစ်ဝင်းမောင်က ၀န်ကြီးဌာနအသီးသီးမှာ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်တွေ ထားရှိပေးထားပေမယ့် အခက်အခဲတွေ ရှိနေဆဲဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေထံကနေ သတင်းရယူဖို့ကတော့ ပိုမိုခက်ခဲတယ်လို့ သူက ပြောပါတယ်။

“အဲဒီပြဿ နာကတော့ ကျနော်တို့ မီဒီယာလောကမှာ ယနေ့အချိန်အထိ ရင်ဆိုင်နေရတဲ့ တခုတည်းသော ပြဿ နာပေါ့။ အဲဒါတော့ သတင်းရယူခွင့်ပေါ့။ ကျနော်တို့ သတင်းဌာနတွေ အနေနဲ့ ၀န်ကြီးဌာနတွေကို ဆက်သွယ်တဲ့နေရမှာ အခုအချိန်အထိ အခက်အခဲတွေ ရှိနေတုန်းပါပဲ။ ဆက်သွယ်လို့ မလွယ်ကူသေးပါဘူး။”

ဒါ့အပြင် ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အင်တာနက်စာမျက်နှာ ၀က်က်ဆိုဘ်တွေကလည်း နောက်ဆုံး အခြေအနေတွေ တင်ပြ မွမ်းမံတာ အားနည်းတယ်လို့လည်း ဆိုပါတယ်။

ဒို့တောင်သူ ဂျာနယ် အမှုဆောင် အယ်ဒီတာ ဒေါ်အိမွန်ကျော်ကလည်း သတင်းတခု အတွက် သက်ဆိုင်တာပဲဖြစ်ဖြစ် မသက်ဆိုင်တာပဲ ဖြစ်ဖြစ် အစိုးရဘက်က အတည်ပြုချက်ရဖို့ ပြန်ကြားရေးကိုပဲ ဖုန်းဆက် အတည်ပြုနေရတယ်လို့ ပြောပါတယ်။

“တခုခုက ပြန်ကြားရေးနဲ့ သက်ဆိုင်သည် ရှိသော်၊ မသက်ဆိုင်သည် ရှိသော် ပြန်ကြားရေးကိုပဲ လှမ်းပြီး အတည်ပြုခိုင်း လို့ ရနေတဲ့ သဘောဖြစ်တာပေါ့နော်။ သတင်းထုတ်ပြန်မှုအား အရမ်းနည်းပါတယ်။ ပြန်ကြားရေးနဲ့ ဆိုင်သည်ရှိသော်၊ မဆိုင်သည် ရှိသော် သတင်းထောက်တွေက အလွယ်ဖုန်းဆက်လို့ရတဲ့ ဦးရဲထွဋ်ကိုပဲ ဆက်ပြီးတော့ မေးနေကြတာပေါ့နော်။”

အစိုးရသစ်တက်လာပြီးနောက်ပိုင်းမှာ သတင်းမီဒီယာတွေက မေးမြန်းတဲ့အခါမှာ ဖြေကြားဖို့ အစိုးရအဖွဲ့တွေကို သမ္မတ ဦးသိန်းစိန်က ညွန်ကြားခဲ့ပေမယ့် ထိရောက်မှုပိုင်းဆိုင်ရာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း သတင်းထောက်တွေက ထောက်ပြပြောဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း အစိုးရ ၀န်ကြီးဌာနတွေရဲ့ သတင်းထုတ်ပြန်မှု အားနည်းတဲ့ အကြောင်း ၀န်ခံပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013