DVB Logo
Home
မြန်မာသတင်း
လောက်ကိုင်၌ ပိတ်မိနေသည့် သူဌေးတဦးလျှင် ယွမ် ၇ သိန်းဖြင့် စစ်တပ်က အခကြေးငွေယူ ထုတ်ပေးနေ
DVB
·
November 6, 2023
လောက်ကိုင်၌ ပိတ်မိနေသည့် သူဌေးတဦးလျှင် ယွမ် ၇ သိန်းဖြင့် စစ်တပ်က အခကြေးငွေယူ ထုတ်ပေးနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ဘက်၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ သူဌေးတွေကို စစ်ကောင်စီတပ်ဖွဲ့က ရဟတ်ယာဉ်တွေနဲ့ သယ်ဆောင်ပေးနေပြီး တဦးကို တရုတ်ငွေ ယွမ် ၇ သိန်း (မြန်မာကျပ်ငွေ သိန်း ၂,၉၀၀) ဝန်းကျင် ပေးရတယ်လို့ လောက်ကိုင်မြို့ခံ သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

လောက်ကိုင်မြို့အတွင်း ကျားဖြန့်လုပ်ငန်းပိုင်ရှင်တွေ အများအပြား ပိတ်မိနေတဲ့အတွက် နိုဝင်ဘာ ၁ ရက်‌က စတင်ကာ စစ်ကောင်စီတပ်က အခကြေးငွေယူပြီး သယ်ထုတ်ပေးကာ တရက်ကို အနည်းဆုံး နှစ်ကြိမ် လာရောက်သယ်ဆောင်ပေးနေတယ်လို့ လောက်ကိုင်မြို့ခံတွေဆီကနေ သိရပါတယ်။

လောက်ကိုင်ရောက် မုံရွာဒေသခံတဦးက “သူဌေးတွေကတော့ ပြန်ကြတယ်။ တရုတ်ပြည်ဘက်ကိုတော့ ပို့တာမဟုတ်ဘူး။ မြန်မာဘက်ကိုပဲ ပို့ပေးတာတဲ့။ ရဟတ်ယာဥ်နဲ့ ကြိုတယ်ဆိုတော့ စစ်ကောင်စီမိသားစုဝင်တွေထင်နေတာ၊ နောက်ကျတော့မှ ပိုက်ဆံပေးနိုင်ရင် ဒီမြို့ကနေ ထွက်ရတယ်တဲ့၊ ကြားထဲက ပွဲစားတွေကလည်း ဖြတ်စားပုံရမှာပါ” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြောက်ပိုင်းမဟာမိတ်တပ်တွေက ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲ‌တွေ ပြင်းထန်နေတဲ့အတွက် လမ်းတွေပိတ်ဆို့သွားတာ ဖြစ်ပါတယ်။

တိုက်ပွဲကာလအတွင်း လောက်ကိုင်မြို့မှာ တခြားဒေသတွေကနေ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ထောင်နဲ့ချီ ပိတ်မိနေပြီး စားနပ်ရိက္ခာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတဦးက “စစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ပိုက်ဆံရှာတာပေါ့။ အံ့မခန်းစစ်တပ်ကြီးပါ။ ကျနော်တို့လို ပိုက်ဆံမရှိတဲ့ ဝန်ထမ်းတွေတော့ သေသေဆိုပြီး ထားထားတာ။ အခုဆို ဘာမှထွက်ဝယ်လို့မရဘူး။ စစ်ရှောင်ထောက်ပံ့ရေးတွေဘက် သွားမယ်ဆိုတော့လည်း ထွက်မရပြန်ဘူး။ ကြာရင် ငတ်တော့မယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဖြစ်တဲ့ အောက်တိုဘာ ၂၇ ရက်က စတင်ကာ နိုဝင်ဘာ ၄ ရက်အထိ စစ်ကောင်စီတပ်စခန်း ၁၀၆ ခုကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ တရားဝင် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013