DVB Logo
Home
လူမှုရေး
ရှမ်းပြည်တောင်ပိုင်းတွင် ခြေတုလက်တုလုပ်မည့်စာရင်း ပေးပို့ရန် ညွှန်ကြား
DVB
·
August 14, 2014
ရှမ်းပြည်တောင်ပိုင်းတွင် ခြေတုလက်တုလုပ်မည့်စာရင်း ပေးပို့ရန် ညွှန်ကြား
Donate to DVB

Legs 1ရှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်အသီသီးမှ မြို့နယ်အလိုက် ခြေတုလက်တုလုပ်ပေးရမယ့် လူစာရင်းပေးပို့ကြဖို့ ရှမ်းပြည်နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ညွှန်ကြားတယ်လို့ ဖယ်ခုံမြို့နယ် ကြက်ခြေနီုဒုတပ်ရင်းမှူး ဦးအေးသွင်ဦးက ပြောပါတယ်။

မန္တလေးကို သွားရမှာဖြစ်ပြီး အခမဲ့တပ်ပေးမယ့်အပြင် အသွားအပြန်နဲ့ စားစရိတ် ကြက်ခြေနီက အားလုံးအကုန်အကျခံမယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်အနေနဲ့ ခြေအတု တပ်ဆင်ဖို့ ၁၀ ဦးနဲ့ လက်အတုတပ်ပေးဖို့ ၂ ဦး စာရင်းပို့ထားတယ်လို့ ပြောပါတယ်။

အခုလုပ်ပေးမယ့် ခြေတုလက်တုကို ရောင်းစားခွင့်မရှိတဲ့အပြင် ခြေတုလက်တုဖြုတ်ပြီး လိုက်တောင်းစားတာမျိုးကိုလည်း ပိတ်ပင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013