
မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ ညဘက်အပြင်ထွက်ကာ ကလပ်တက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို နည်းပြတန်ဟတ်ဂ်က ဝေဖန်ခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၃၁ ရက်က ညဘက်အပြင်ထွက်ပြီး ကလပ်မှာ မွေးနေ့ပါတီလုပ်ကာ ပျော်ပါးခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ နိုဝင်ဘာ ၂ ရက်က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ လိဂ်ဖလားပွဲစဉ်မှာ ပါဝင်ခဲ့ပေမဲ့ ဖူဟမ်ကို အနိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
ဒါဘီရှုံးပွဲအပြီးမှာ ကလပ်တက်ခဲ့တာက လက်ခံနိုင်စရာ မရှိဘူးလို့ ရက်ရှ်ဖို့ဒ်ကို ပြောပြခဲ့ပြီး ကစားသမားဘက်ကလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း၊ ဒီကိစ္စဟာ အသင်းရဲ့ အတွင်းရေးကိစ္စ တခုအဖြစ် ဖြေရှင်းခဲ့ပြီးဖြစ်ကြောင်း နည်းပြတန်ဟက်ဂ်က ပြောပါတယ်။
Photo-Reuters










