DVB Logo
Home
Lead Story
တရုတ်- မြန်မာ ရေအားလျှပ်စစ် စာချုပ် ပြန်ပြင်နိုင်
DVB
·
August 14, 2014
တရုတ်- မြန်မာ ရေအားလျှပ်စစ် စာချုပ် ပြန်ပြင်နိုင်
Donate to DVB

[caption id="attachment_62339" align="alignright" width="300"]ပေါင်းလောင်းဆည် တည်ဆောက်နေစဉ် ပေါင်းလောင်းဆည် တည်ဆောက်နေစဉ်[/caption]မြန်မာနိုင်ငံမှာ အရင်စစ်အစိုးရနဲ့ စာချုပ်ချုပ်ဆိုပြီး တရုတ်ကုမ္ပဏီတွေက ဆောင်ရွက်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ ပတ်သက်ရင် လက်ရှိ အစိုးရအနေနဲ့ ပြန်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ပါတယ်လို့ တရုတ်စွမ်းအင် တည်ဆောက်မှု ကော်ပိုရေးရှင်း ဒုဥက္ကဋ္ဌ စန်းဟောင်ရွှီ ပြောတာကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

သူက မြန်မာနိုင်ငံမှာ ပြည်တွင်း လျှပ်စစ်လိုအပ်ချက် များနေတယ်၊ ဒါကြောင့် လက်ရှိ တည်ဆောက်နေတဲ့ စီမံကိန်းတွေကနေ ပြည်တွင်းလိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးဖို့ စာချုပ်တွေမှာ ပြင်ဆင်ခဲ့မယ်ဆိုရင်လည်း သူတို့အတွက် ပြဿ နာ မဟုတ်ပါဘူးလို့ ပြောဆိုပါတယ်။

မြန်မာလျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးကလည်း လက်ရှိ ကျေးရွာပေါင်း ၁၆၀ လောက် မီးလင်းဖို့ လုပ်နေပြီး ၂၀၃၀ လောက်ရင် တနိုင်ငံလုံး လျှပ်စစ်မီးရရေးကိစ္စ စီမံကိန်းချ ဆောင်ရွက်နေတာကြောင့် အဲဒီ စီမံကိန်း ပြည့်မီအောင် ကူညီပေးသွားချင်ပါတယ်လို့ စန်းဟောင်ရွှီက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013