DVB Logo
Home
နိုင်ငံတကာ
စစ်ဆင်ရေး မလုပ်မီ ဂါဇာပြည်သူများကို ဖယ်ရှားရန် နည်းပေါင်းစုံဖြင့် အသိပေးခဲ့ဟု အစ္စရေး ပြော
DVB
·
November 4, 2023
စစ်ဆင်ရေး မလုပ်မီ ဂါဇာပြည်သူများကို ဖယ်ရှားရန် နည်းပေါင်းစုံဖြင့် အသိပေးခဲ့ဟု အစ္စရေး ပြော
Donate to DVB

ဂါဇာကမ်းမြောင်ဒေသမှာ စစ်ရေးတိုက်ခိုက်မှုတွေ မလုပ်ခင်မှာ လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေစည်းမျဉ်းအရ ဂါဇာပြည်သူတွေဆီကို အဲဒီနေရာ ကနေ ဖယ်ရှားပေးဖို့ မက်ဆေ့ခ်ျ ၆ သန်း၊ ဖုန်းခေါ်ဆိုမှု ၄ သန်းနဲ့ လက်ကမ်းစာစောင်ပေါင်း ၁ သန်းကျော်ကို ကြိုတင်ဖြန့်ဝေပေးခဲ့ကြောင်း အစ္စရေးသမ္မတ အိုက်ဆက်ဟဲရ်ဇော့ဂ်က နို၀င်ဘာ ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဟဲရ်ဇော့ဂ်ဟာ တလအတွင်း ဒုတိယအကြိမ်မြောက် အစ္စရေးကို ပြန်လာခဲ့တဲ့ အမေရိကန်ရဲ့ ထိပ်တန်းသံတမန် အန်ထနီ ဘလင့်ကန်နဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေး ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကန်ကလည်း အစ္စရေးဟာ မိမိကိုယ်မိမိ ခုခံကာကွယ်ခွင့်သာမက ခုခံကာကွယ်ရမယ့် တာဝန်လည်း ရှိနေပြီး အောက်တိုဘာ ၇ ရက် ဖြစ်ရပ်မျိုး ဘယ်တော့မှ လုံးဝအဖြစ်မခံဖို့ တတ်နိုင်သမျှ သေချာအောင် လုပ်မယ်ဆိုတဲ့ အဆိုပြုချက်ကိုလည်း အမေရိကန်က ခိုင်ခိုင်မာမာ ရပ်တည်နေကြောင်း ပြောပါတယ်။ 

အစ္စရေးတွေ၊ အမေရိကန်တွေနဲ့ တခြားနိုင်ငံသား တွေကိုလည်း သူတို့ရဲ့ မိသားစုတွေနဲ့ ချစ်ရတဲ့သူ တွေနဲ့ ဘေးကင်းကင်း ပြန်လည်ရောက်ရှိဖို့ တတ်နိုင်သမျှ လုပ်ဆောင်သွားဖို့ ဆုံးဖြတ် ထားကြောင်းလည်း ပြောဆိုပါတယ်။ 

အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင့်ကန်ဟာ ပါလက်စတိုင်းနယ်မြေကို အကူအညီတွေ တိုးမြှင့်ပေးဖို့နဲ့ ဓားစာခံတွေ လွတ်မြောက်ရေး လွယ်ကူချောမွေ့စေဖို့တွေအတွက် ဂါဇာရှိ ဟားမတ်စ်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို လူသားချင်းစာနာမှုအရ ခေတ္တခန ရပ်ဆိုင်းထားပေးဖို့ နိုဝင်ဘာ ၃ ရက်က အစ္စရေးခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။ 

နိုင်ငံခြားရေး၀န်ကြီး ဘလင့်ကန်ဟာ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ အစ္စရေးရဲ့ စစ်ပွဲအစိုးရ ဝန်ကြီးအဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ပြီး အကူအညီတွေ  တိုးမြှင့်ပေးပို့နိုင်ဖို့၊ အရပ်သားသေဆုံးမှုတွေ မဖြစ်အောင် ရှောင်ရှားဖို့နဲ့ ဟားမတ်စ်တွေ ဖမ်းထားတယ်ဆိုတဲ့ အစ္စရေးက ဓားစာခံ ၂၄၀ ကျော် လွတ်မြောက်ရေးတွေအတွက် ဘယ်လိုနားလည်မှုတွေ လုပ်ရမယ် ဆိုတာတွေကို ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013