
မြန်မာနိုင်ငံတွင်း စားသောက်ဆိုင်တွေနဲ့ နေအိမ်တွေမှာ အသုံးပြုနေတဲ့ LPG (Liquefied Petroleum Gas) ရေနံ ဓာတ်ငွေ့ရည် ရောင်းချခွင့် ပုဂ္ဂလိကတွေကို ခွင့်ပြုပေးတော့မယ်လို့ စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ LPG ဖြန့်ဖြူးရောင်းချခွင့် လျှောက်ထားသူ ရာနဲ့ချီ ရှိနေပြီး သတ်မှတ်စည်းကမ်းချက်တွေနဲ့ ညီညွတ်တဲ့ အရောင်းတွေကိုပဲ ခွင့်ပြုပေးသွားမယ်လို့ ဆိုပါတယ်။
စည်းကမ်းချက်တွေထဲမှာ LPG ရောင်းတဲ့ဆိုင်တွေဟာ မီးခံနိုင်တဲ့ ကွန်ကရစ်ခင်း၊ အုတ်ကာ၊ သွတ်မိုး အဆောက်အဦ ဖြစ်ရမယ်၊ ၀န်ထမ်းတွေဟာ LPG ဆိုင်ရာ သင်တန်းတက်ထားရမယ်၊ ဖြန့်ဖြူးရောင်းချမယ့် နေရာမှာ LPG ၃၀၀ ကီလိုဂရမ်ထက် ပိုပြီး
ညအိပ်မထားရ စသဖြင့် သတ်မှတ်ထားပါတယ်။
လောလောဆယ် ထိုင်းနိုင်ငံမှာ အာဏာသိမ်း စစ်အစိုးရတက်လာပြီးနောက် မြန်မာနိုင်ငံထဲ LPG တင်သွင်းနေတာတွေကို ပိတ်ပင်ထားပါတယ်။ ဒီအတွက် ပုဂ္ဂလိက ကုမ္ပဏီတွေဟာ စင်ကာပူနိုင်ငံဘက်ကနေ LPG တင်သွင်းဖြန့်ဖြူးရောင်းချဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။











