DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၃,၀၀၀ ကျော်ထပ်တိုး
DVB
·
November 3, 2023
ရှမ်းမြောက်တိုက်ပွဲများကြောင့် ဒုက္ခသည် ၂၃,၀၀၀ ကျော်ထပ်တိုး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂၃,၀၀၀ ကျော် ထပ်တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar) က နိုဝင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

တိုက်ပွဲစဖြစ်ပွားချိန်ကာလတွေက နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၄,၄၇၀ နဲ့အထက် ရှိတာကြောင့် အခုထက် တိုးလာတဲ့သူတွေနဲ့ဆိုရင် နေရပ်စွန့်ခွာ ထွက်ပြေးရသူစုစုပေါင်း ၃၇,၄၀၀ ကျော် ရှိလာပြီဖြစ်ပါတယ်။

အောက်တိုဘာ ၂၇ ရက်ကစလို့ ဒီကနေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး ရှမ်းမြောက်မြို့နယ် ၂၂ ခုထဲက အနည်းဆုံး ၉ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေကာ ဒုက္ခသည်အရေအတွက် ထပ်တိုးလာသလို လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေဟာလည်း လက်ရှိကာလမှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကြောင့် အဟန့်အတားဖြစ်နေပြီး အဓိကကျတဲ့ တံတားတခုလည်း ဖျက်ဆီးခံထားရကြောင်း UNOCHA-Myanmar ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မဟာမိတ်ညီနောင် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၇ ရက်မြောက်ဖြစ်တဲ့ နိုဝင်ဘာ ၂ ရက်အထိ ရှမ်းမြောက်က မြို့ ၄ မြို့နဲ့ သံချပ်ကာ ၆ စီးအထိ သိမ်းဆည်းရမိထားတယ်လို့ “Operation 1027” သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်တွေက နေရာအများစုမှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှု အခြေအနေ ဆိုးရွားနေကြောင်း UNOCHA-Myanmar က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013