DVB Logo
Home
မြန်မာသတင်း
စစ်တပ်က အရပ်သားများအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှု အများပြည်သူသိနိုင်ရန် လှုပ်ရှားမှု ပြုလုပ်
DVB
·
November 2, 2023
စစ်တပ်က အရပ်သားများအပေါ် အကြမ်းဖက်သတ်ဖြတ်နေမှု အများပြည်သူသိနိုင်ရန် လှုပ်ရှားမှု ပြုလုပ်
1 / 7
Donate to DVB

စစ်ကောင်စီတပ်ရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်သတ်ဖြတ်နေတာကို အများပြည်သူ သိနိုင်ဖို့အတွက် လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ၂ ရက်ကြာ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို နိုင်ငံတကာက မေ့လျော့လာနေပြီလို့ ခံစားရတာကြောင့် အခုလို လှုပ်ရှားမှုလုပ်ရတာလို့ ဦးဆောင်သူ LGBT အလှမယ် သက္ကရာဇ်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အခုအချိန်အထိ မအေးချမ်းသေးဘူး။ နေ့စဉ်နဲ့အမျှ ကလေးငယ်တွေ၊ အမျိုးသမီးတွေ ကျောင်းသားပြည်သူလူထုတွေဟာ စကစရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကို ခံနေရတယ်။ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေလည်း ခံနေရတယ်။ ကလေးတွေရဲ့ ကျောင်းတွေပေါ်အထိ အာဏာသိမ်းစစ်တပ်ဟာ ဗုံးတွေကြဲချနေတုန်းပဲ ဆိုတာကို နိုင်ငံတကာက သိစေချင်တာ” လို့ ပြောပါတယ်။

သူဟာ စစ်တပ်က အကြမ်းဖက်သတ်ဖြတ်လို့ သေဆုံးခဲ့တဲ့ မြန်မာကျောင်းဆရာမ တယောက်ပုံစံ ဝတ်ဆင်ပြီး Killing Field Myanmar ဆိုတဲ့ စာတန်းနဲ့အတူ ဟောလိုးဝင်းနေ့ (အောက်တိုဘာ ၃၁ ရက်)နဲ့ နိုဝင်ဘာ ၁ ရက်နေ့ညက မဲဆောက်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ လှည့်လည်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အလှမယ် သက္ကရာဇ်ဟာ ၂၀၂၃ ခုနှစ်၊ မဲဆောက် LGBT အလှမယ်ပြိုင်ပွဲမှာ လူကြိုက်အများဆုံးဆု ရရှိခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ရက် ၁၀၀၀ ကျော်အတွင်း အပြစ်မဲ့ပြည်သူ ၄၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ AAPP က ပြုစုတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပြီး အဲဒီထဲမှာ အမျိုးသမီး အယောက် ၆၃၀ နဲ့ ကလေး ၄၇၆ ယောက် ပါဝင်ပါတယ်။

ဓာတ်ပုံ - ဟိန်းအောင်၊ ဖိုတိုဒါန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013