DVB Logo
Home
သတင်းတို
မသန်စွမ်းအမျိုးသမီးများအသင်း ရန်ပုံငွေအဖြစ် ဆံပင်အတိုညှပ်သင်တန်း ဖွင့်မည်
DVB
·
August 14, 2014
မသန်စွမ်းအမျိုးသမီးများအသင်း ရန်ပုံငွေအဖြစ် ဆံပင်အတိုညှပ်သင်တန်း ဖွင့်မည်
Donate to DVB

မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးများအသင်း ရန်ပုံငွေအဖြစ် ဆံပင်အတိုညှပ်သင်တန်းကို ၂၀၁၄ ခုနှစ် သြဂုတ် ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

MPWAဒီသင်တန်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးကို မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးများအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အေးမောင်က “မြန်မာသင်တန်းသားတွေ အနေနဲ့ ဂျပန် နိဟွန်က ချီးမြှင့်တဲ့ အောင်လက်မှတ်ကို ဂျပန်သွားရန်မလိုပဲ စရိတ်သက်သာစွာ ရမယ်။ နိုင်ငံတကာက အသိအမှတ်ပြုတဲ့အတွက် ဂျပန်အပါအ၀င် အသိအမှတ်ပြုနိုင်ငံတွေမှာ အလှပြင် အလုပ်သွားလုပ်ဖို့ အထောက်အကူ ပြုမယ်။ အသင်းအနေနဲ့ သင်တန်းကြေးရတဲ့ အထဲကနေ ရန်ပုံငွေ ရမယ်။ မသန်စွမ်းသူတွေကို အကူအညီပေးနိုင်မယ်” လို့ ပြောပါတယ်။

ဆံပင်အတိုညှပ်အစီအစဉ်ကို နိဟွန် အလှပြင် အကယ်ဒမီ(NIHON BEAUTY ACADEMY)နဲ့ စတား မော်ဒယ်လ် အင်တာနေရှင်နယ်အေဂျင်စီတို့က ကူညီပေးပြီး သင်တန်းကျောင်းဖွင့်ဖို့အတွက် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေ အသက်မွေးဝမ်းကြောင်းပညာ တတ်မြောက် အောင်မြင်ပြီးနောက် အလုပ်အကိုင် ရရှိရေး ခက်ခဲနေဆဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ကျမအနေနဲ့တော့ အတိုဆုံး ဖြေပါမယ်။ မသန်စွမ်းအမျိုးသမီးများအတွက်သာမက အမျိုးသားတွေအတွက်ပါ အလုပ်အကိုင် အဆင်မပြေပါဘူး။ အဓိကကတော့ ကုလသမဂ္ဂ မသန်စွမ်းသူများဆိုင်ရာ သဘောတူစာချုပ် (ယူအန်စီအာရ်ပီဒီ) ကို လက်မှတ်ထိုးပြီးသော်လည်း ဆက်စပ် အကောင်အထည်ဖော်ရမယ့် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းနီးပါး မလုပ်နိုင်သေးလို့ပဲ။”

လူမှုဝန်ထမ်းဦးစီးဌာနရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူဦးရေ ၁၃ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013