DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကန်စွန်းရွက်တစည်း ကျပ် ၁,၀၀၀ အထိ ဈေးတက်
DVB
·
November 2, 2023
ရန်ကုန်တွင် ကန်စွန်းရွက်တစည်း ကျပ် ၁,၀၀၀ အထိ ဈေးတက်
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ ကန်စွန်းရွက်တစည်းကို ကျပ် ၁,၀၀၀ အထိ ပေးဝယ်နေရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။

အောက်တိုဘာလ ဒုတိယအပတ်အထိ ကန်စွန်းရွက်(တရုတ်)တစည်းကို ကျပ် ၇၀၀ သာ ရှိခဲ့ပေမဲ့ အောက်တိုဘာလ နောက်ဆုံးပတ်လောက် အရောက်မှာ ကန်စွန်းရွက်တစည်းကို ကျပ် ၁,၀၀၀ လောက်အထိ ဖြစ်လာတယ်လို့ ကုန်စိမ်းရောင်းသူတဦးက ပြောပါတယ်။

ကုန်စိမ်းရောင်းသူတဦးက “ပစ္စည်းက လိုသလောက်မရ ဖြစ်နေတာ။ အရင်က အစည်း ၅၀ လောက်ရရင် အခု ၃၀ လောက်ပဲ ခွဲတမ်းနဲ့ရတော့တယ်။ ပစ္စည်းအဝင်နည်းတာလည်းပါတယ်။ မျိုးစရိတ်တက်လာတာလည်းပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် တခြားကုန်စိမ်းဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပြီး ချဉ်ပေါင်ရွက်(အပင်ပေါက်)တစီးကို ကျပ် ၃၀၀၊ ခရမ်းသီးတလုံးကို ၄၀၀၊ ခရမ်းချဉ်သီး တဆယ်သားကို ၃၀၀၊ မုန်လာဥတစီးကို ၅၀၀ စသဖြင့် အသီးသီး ဈေးတက်နေပါတယ်။

“ကုန်စိမ်းတင်မဟုတ်ပါဘူး၊ အခု ဘဲဥတလုံးကို ၅၀၀ ဖြစ်နေပြီ။ ကြက်ဥကတော့ အစားစားပဲ။ တလုံးကို ၂၅၀ လောက်ကစပြီး ၃၀၀ လောက်အထိရှိတယ်။ ပဲပြားတတုံးကို ၃၀၀၊ ပဲပင်ပေါက်က အနည်းဆုံး ၂၀၀ ဖိုးလောက်ယူမှ ရတော့တယ်။ ကိုယ်စားတဲ့ ချဉ်ပေါင်ရွက် အပင်‌ပေါက်ဆိုရင် ဝယ်လို့တောင်မရဘူး” လို့ အိမ်ရှင်မတဦးက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့  ရန်ကုန်မြို့က ဈေးတွေမှာ ကန်စွန်းရွက်တစည်းကို ကျပ် ၁၀၀ ကျော် ၂၀၀ လောက်သာရှိခဲ့တာပါ။

အာဏာသိမ်းမှု ရက် ၁၀၀၀ ကျော်လာချိန်မှာ ပြည်သူတွေဟာ အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်မှုကို ရင်ဆိုင်နေရပြီး မနက်စာစားမယ်ဆိုရင်တောင် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်တပွဲကို ၁,၀၀၀ လောက် ပေးစားနေရကာ လက်ဖက်ရည်တခွက် ကိုလည်း ကျပ် ၆၀၀ (ရိုးရိုး) ကနေ ကျပ် ၁,၂၀၀ လောက်ထိ ပေးသောက်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013