DVB Logo
Home
မြန်မာသတင်း
နစ်မြုပ်ငါးဖမ်းလှေ ပျောက်ဆုံးသူများကို ကရုဏာကြေးပေး
DVB
·
August 13, 2014
နစ်မြုပ်ငါးဖမ်းလှေ ပျောက်ဆုံးသူများကို ကရုဏာကြေးပေး
Donate to DVB

ရခိုင်ကမ်းရိုးတန်းဒေသက အဏ္ဍ၀ါမင်းငါးဖမ်းလှေနစ်မြုပ်ရာမှာ ပျောက်ဆုံးနေသူတွေ အတွက် ကရုဏာကြေး ကျပ် ၁၅ သိန်းစီပေးမယ်လို့ လှေအုပ်စုကိုယ်စားလှယ်တွေက သိရပါတယ်။

Shipသြဂုတ်လဆန်းပိုင်းမှာ နစ်မြုပ်ခဲ့တဲ့ အဏ္ဍ၀ါမင်း ငါးဖမ်းလှေက ပျောက်ဆုံးနေတဲ့ သူတွေကို ဆက်လက်ရှာဖွေနေပြီး သူတို့မိသားစုတွေအတွက်လည်း နစ်နာကြေး ကျပ် ၁၅ သိန်းစီ ကနဦးကူညီမယ်လို့ အဆိုပါလှေအုပ်စု ကိုယ်စားလှယ် ဦးမောင်မောင်ရွှေက ဒီဗွီဘီကို ပြောပါတယ်။

“၁၅ ယောက် ပျောက်နေတာမှာ အဲဒီ ၁၅ ယောက်ရဲ့ မိသားစုကို ကုမ္ပဏီကနေ ကရုဏာကြေးပေးဖို့ လုပ်နေပါတယ်။ တဦးကို ၁၅ သိန်းပေးမယ်လို့ ပြောပါတယ်။ ပေးမယ့်ရက်က အတိအကျမသိသေးပါဘူး။ သူဌေးအနေနဲ့ကလည်း သူတို့ကို သေသွားပြီလို့ ပြောလိုက်ဖို့ကလည်း ခက်နေပါတယ်။ မိသားစုတွေကလည်း ကုမ္ပဏီကို လာမေးကြတယ်။ သူတို့ယောက်ျား မသေနိုင်ဘူး။ အဲလိုလာကြပါတယ်။”

လှေနစ်ရာက လွတ်မြောက်လာသူ ၆ ဦးကိုတော့ ကျောက်ဖြူကနေ ရန်ကုန်ထိ သွားလာ ကုန်ကျစရိတ်အားလုံး အကုန်ကျခံပေးပြီး ကျပ် ၃ သိန်းစီထုတ်ပေးကာ သူတို့အားလုံးလည်း ဒီကုမ္ပဏီမှာပဲ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးသူတွေ ရှာဖွေရေးကို ကနေ့ထိ ရေပြင်မှာ စက်လှေ ၆ စီး၊ ရမ်းဗြဲကျွန်းနဲ့ အခြားကျွန်းစုရွာတွေမှာပါ အငှားဆိုင်ကယ်တွေနဲ့ နေ့စဉ် ရှာဖွေနေကြောင်း၊ ရှာဖွေမှုတွေကို နောက်ထပ်တပတ်ထိ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

ကုမ္ပဏီမှာ အဏ္ဍ၀ါမင်း ငါးဖမ်းလှေ စုစုပေါင်း ၆ စီးရှိပြီး တစီးနစ်မြုပ်ပြီးတဲ့နောက် ကျန်တဲ့ ၅ စီး ကတော့ ပုံမှန်ငါးဖမ်းနေပါတယ်။

ရန်ကုန်မြို့က ရွှေအော်ကြီးကုမ္ပဏီပိုင် အဏ္ဍ၀ါမင်း ငါးဖမ်းလှေ အမှတ် ၉ ဟာ ကျောက်ဖြူဆိပ်ကမ်းကနေ ပင်လယ်ထဲထွက်ခွာစဉ် သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

လှေပေါ်မှာ လူ ၂၁ ဦး လိုက်ပါသွားပြီး ကယ်ဆယ်ရေးသင်္ဘောတွေက ၆ ဦးကိုပဲ အသက်ရှင်လျက် ရှာဖွေတွေ့ရှိကာ ၁၅ ဦးက ဒီနေ့ထိ ပျောက်ဆုံးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013