DVB Logo
Home
မြန်မာသတင်း
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော် LPDF အဖြစ် ပြောင်းလဲဖွဲ့စည်း
DVB
·
November 1, 2023
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက လွိုင်ကော် LPDF အဖြစ် ပြောင်းလဲဖွဲ့စည်း
1 / 2
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်အခြေစိုက်၊ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) က လွိုင်ကော်​​မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Loikaw Local PDF အဖြစ်  အောက်တိုဘာ ၃၁ ရက်မှာ ပြောင်းလဲဖွဲ့စည်းခဲ့တယ်လို့ တပ်ဖွဲ့ ဗျူဟာမှူး ကိုဆိတ်က ပြောပါတယ်။

Loikaw Local PDF တပ်ဖွဲ့မှာ KRU တပ်ပေါင်းစုနဲ့ မူလကရှိထားတဲ့ လွိုင်ကော် မိုးကြိုးတပ်ရင်းတို့ ပူးပေါင်းပြီး ၄ ရင်း ၁ ဗျူဟာစနစ်နဲ့ ပြောင်းလဲဖွဲ့စည်းကာ စစ်ကောင်စီ ဒေါက်တိုင်တွေကို ရှင်းလင်းသွားမယ်လို့ သိရပါတယ်။

ဗျူဟာမှူး ကိုဆိတ်က “အဓိကကတော့ ဘုံရန်သူကို တိုက်ထုတ်ရမှာ ဖြစ်တယ်။ အခု Local (ဒေသခံ) အနေနဲ့ လုပ်​​ဖြစ်တာက အရင်တုန်းက တွေ့တဲ့နေရာတိုက်တယ်။ ခုက ဒေသအားကောင်းမှလည်း ဖြစ်တယ်ဆိုပြီး ကျနော်တို့ တိုင်ပင်ညှိနှိုင်းပြီးတော့ Local တခုတည်း ထွက်ရအောင် ဆိုပြီးတော့ ပြည်သူတွေ ဒေသတွေကို ကာကွယ်မယ်၊ စစ်အာဏာရှင်ကို တိုက်ထုတ်မယ်ဆိုပြီး ဖွဲ့ဖြစ်တာပါ” လို့ ပြောပါတယ်။

Loikaw Local PDF အဖြစ် ပြောင်းလဲဖွဲ့စည်းတဲ့ အခမ်းအနားမှာ တပ်ဖွဲ့အကြီးအကဲတွေက အမှာစကား ပြောကြားတာတွေ၊ မဟာမိတ်တပ်ဖွဲ့အသီးသီးက ဂုဏ်ပြုစကား ပြောကြားတာတွေ၊ အလံတော်ကို အလေးပြုတာ၊ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုတာ၊ မဟာမိတ် ချစ်ကြည်ရေး ဘောလုံးကန်တာတွေ ပြုလုပ်ဖြစ်တယ်လို့ သိရပါတယ်။

Loikaw Local PDF တပ်ဖွဲ့အနေနဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးရရှိရေး၊ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ထူထောင်နိုင်ရေးတွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013