DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်သဘောထား အန်အယ်လ်ဒီနှင့် မသက်ဆိုင်ဟု ကြေညာ
DVB
·
August 13, 2014
အပစ်ရပ်သဘောထား အန်အယ်လ်ဒီနှင့် မသက်ဆိုင်ဟု ကြေညာ
Donate to DVB

တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် အမြန်ဆုံးလက်မှတ်ရေးထိုးကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းတဲ့ နိုင်ငံရေးပါတီများရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မပါဝင်ဘူးလို့ ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

[caption id="attachment_62288" align="alignright" width="300"]သြဂုတ်လ ၁၁ ရက်နေ့က နိုင်ငံရေးပါတီ ၆၆ ခုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တွေ့ဆုံစဉ် သြဂုတ်လ ၁၁ ရက်နေ့က နိုင်ငံရေးပါတီ ၆၆ ခုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တွေ့ဆုံစဉ်[/caption]

အစိုးရက နိုင်ငံရေးပါတီတွေကို ငြိမ်းချမ်းရေးဖော်ဆောင်မှု အခြေအနေရှင်းပြပြီး နိုင်ငံရေးမူဘောင်အတွက် တာဝန်ခံမှု ရှိရှိနဲ့ စတင်ပါဝင်ကြဖို့ ကမ်းလှမ်းတဲ့ သြဂုတ်လ ၁၁ ရက်နေ့ တွေ့ဆုံပွဲအပြီးမှာ ပါတီတွေက သဘောထားထုတ်ပြန်တိုက် တွန်းခဲ့တာဖြစ်ပြီး အဲဒီသဘောထားမှာ မပါဘူးလို့ ထုတ်ပြန်ရှင်းလင်းခဲ့တာပါ။

အဲဒီတိုက်တွန်းချက်တွေကတော့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးဖို့၊ ဒီနောက် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို အပစ်အခတ်ရပ်စဲရေး စာချုပ်အတိုင်း မပျက်မကွက်လုပ်ဖို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ နိုင်ငံရေးပါတီတွေ တွေ့ဆုံနိုင်ရေးကို အမြန်ဆောင်ရွက်ဖို့ ၃ ချက်ကို တိုက်တွန်းထားပါတယ်။

သြဂုတ် ၁၁ ရက်နေ့က အစိုးရငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့က ဦးအောင်မင်းက “နိုင်ငံရေးပါတီများသို့ ငြိမ်းချမ်းရေးဖြစ်စဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အပြန်အလှန် ဆွေးနွေးခြင်း” ခေါင်းစဉ်နဲ့ နိုင်ငံရေးပါတီ ၆၆ ပါတီကို ဖိတ်ကြားရှင်းလင်းခဲ့ပါတယ်။

ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ပြပြီး ဒီပွဲမှာ ဦးအောင်မင်းနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက “နိုင်ငံရေးဆွေးနွေးပွဲအတွက် လိုအပ်တဲ့ မူဘောင် ပြင်ဆင်ညှိနှိုင်းဆွေးနွေးပွဲ” အဖြစ် ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးရပ်နားချိန်မှာ နိုင်ငံရေးပါတီတချို့က ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် တိုက်တွန်း နှိုးဆော်ဖို့ ကျင်းပတဲ့ အစည်းအဝေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စေလွှတ်တဲ့ ကိုယ်စားလှယ် ၂ ဦး အစည်းအဝေးခေါင်းစဉ်နဲ့ မသက်ဆိုင်လို့ မတက်ရောက်ကြောင်း ရှင်းလင်းထားပါတယ်။

ဒါကြောင့် အဲဒီနေ့က အပြန်အလှန်ဆွေးနွေးခြင်း အခမ်းအနားတက်ရောက်တဲ့ နိုင်ငံရေပါတီတွေရဲ့ သဘောထားထုတ်ပြန်ချက်မှာ မပါဝင်ပါဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်က ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ဒီရှင်းလင်းချက်မှာ အဖွဲ့ချုပ်နဲ့အတူ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တခြားပါတီတွေလည်း ပါဝင်ခြင်းမရှိကြောင်း ထည့်သွင်းကြေညာထားပါတယ်။

လက်ရှိမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပြည်လုံးအပစ်ရပ် သဘောတူညီချက် ဒုတိယမူကြမ်းရထားပြီး တတိယမူကြမ်းကို ရက်ပိုင်းအတွင်း ဆွေးနွေးဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ ကျန်ရှိနေသေးတဲ့ အချက် ၃၁ ချက်ကို ညှိနှိုင်းကြမှာဖြစ်ပါတယ်။

တိုင်းရင်းသားတွေဘက်က စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက်ကို အစိုးရဘက်က အာမခံချက်ပေးမှ အပစ်ရပ်စာချုပ် ချောမွေ့မယ်လို့ ရပ်တည်နေပြီး အစိုးရဘက်ကတော့ အပစ်ရပ်ပြီးမှ နိုင်ငံရေးမူဘောင်ချမှတ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးဖို့ဆိုတာ အသီးသီး ကိုင်စွဲနေချိန်ဖြစ်ပါတယ်။

ဦးအောင်မင်းရဲ့ အဖွင့်မိန့်ခွန်းပါအချက်အရ အစိုးရအနေနဲ့ လာမယ့်နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ဖို့ လိုလားတယ်ဆိုတာ ထုတ်ပြောခဲ့တာကြောင့် ၂၀၁၅ ခုနှစ်အတွင်း ရောက်ရှိဖို့ ၃ လခွဲကျော် လိုနေချိန်ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013