DVB Logo
Home
နိုင်ငံတကာ
ဂါဇာရှိ ကုလသမဂ္ဂအကူအညီဖြန့်ဖြူးရေးဌာန လုပ်ငန်း ရပ်ဆိုင်း
DVB
·
October 31, 2023
ဂါဇာရှိ ကုလသမဂ္ဂအကူအညီဖြန့်ဖြူးရေးဌာန လုပ်ငန်း ရပ်ဆိုင်း
Donate to DVB

ဂါဇာရှိ ကုလသမဂ္ဂ အကူအညီ ဖြန့်ဖြူးရေးဌာန ၄ ခုနဲ့ သိုလှောင်ရုံတခုတို့မှာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားပြီဖြစ်ပြီး လူတွေဟာ အစားအစာနဲ့ရေကို အသဲအသန် ရှာဖွေနေကြရတယ်လို့ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) မှ တာဝန်ရှိသူတဦးက အောက်တိုဘာ ၃၀ ရက်မှာ ပြောပါတယ်။

အကူအညီဖြန့်ဖြူးရေးမှာ အရေးပါတဲ့ ရာဖာ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေး စခန်းမှာလည်း လူပေါင်း ၈,၀၀၀ လောက် ခိုလှုံနေထိုင်နေကြတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ ပိုမိုခက်ခဲလာကြောင်း ဂါဇာရှိ UNWRA ရေးရာ ဒါရိုက်တာ တွမ်ဝှိုက်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသခံ ထောင်ပေါင်းများစွာဟာ တနင်္ဂနွေနေ့က ကုလသမဂ္ဂ ဂိုဒေါင်တွေထဲ ဝင်ရောက်ခဲ့ကြပြီး ဂျုံမှုန့်နဲ့ တခြားပစ္စည်းတွေကို သိမ်းယူခဲ့ကြပါတယ်။

အီဂျစ်မှ ဂါဇာကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာဉ်တန်းနဲ့ ဖြတ်ကျော်ဝင်ရောက်လာတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို UNRWA က သိုလှောင်ထားတဲ့ ဂါဇာအလယ်ပိုင်းရှိ ဒီယာ အယ်လ်ဘာလာရှိ ဂိုဒေါင်တခုမှာ ဂါဇာဒေသခံတွေက ဝင်ယူခဲ့ကြတာပါ။

ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၇ ရက်ကတည်းက ထောက်ပံ့ရေး ကားအစီးရေ ၁၄၀ ဝင်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှာ ရောက်ရှိခဲ့တဲ့ ထရပ်ကား ၃၃ စီးနဲ့ ပို့ဆောင်မှုဟာ အခုချိန်အထိ အကြီးမားဆုံးဖြစ်တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပြောပါတယ်။

ဒါပေမဲ့ ဂါဇာကမ်းမြောင်ရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တရက်ကို အနည်းဆုံး ထရပ်ကားအစီးရေ ၁၀၀ လိုအပ်တယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။

စစ်ပွဲမဖြစ်ခင်က ဂါဇာကမ်းမြောင်ကို ပုံမှန်အားဖြင့် ကုန်တင်ကား ရာနဲ့ချီပြီး နေ့စဉ်ရောက်ရှိခဲ့တာပါ။

အီဂျစ်က ဝင်ရောက်လာတဲ့ အကူအညီတွေကို အီဂျစ်-အစ္စရေးနယ်စပ်မှာ အစစ်ဆေးခံဖို့အတွက် ရာဖာမြို့ကနေ ၈၄ ကီလိုမီတာကျော်ကို အသွားအပြန်ခရီး မောင်းနှင်နေရကြောင်း အီဂျစ်တွေက တိုင်ကြားထားပါတယ်။

အစ္စရေးကလည်း သူ့နယ်မြေကနေ အကူအညီတွေ ဝင်ရောက်တာမျိုး ဒါမှမဟုတ် ဟားမတ်စ်လက်ထဲ အကူအညီတွေ ရောက်ရှိသွားတာမျိုး မဖြစ်စေချင်ဘူးလို့ ပြောထားပြီး ဂါဇာကမ်းမြောင်ဒေသမှာ လောင်စာဆီ၊ ရေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးပေးပို့ဖို့ ငြင်းဆိုထားပါတယ်။

အောက်တိုဘာ ၃၀ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အီဂျစ်သမ္မတ အဗ္ဗဒယ်လ် ဖာတာ အယ်လ်စီစီ တို့က သိသိသာသာ အရှိန်အဟုန်နဲ့ အကူအညီပေးဖို့ ကတိပြုထားခဲ့ပါတယ်။

အောက်တိုဘာ ၃၀ ရက်က အီဂျစ်ဘက်ခြမ်း ရာဖာဘက်ခြမ်းမှ ဒါဇင်နဲ့ချီတဲ့ ထရပ်ကားတွေ ထွက်ခွာသွားခဲ့ကြောင်း လူသားချင်းစာနာမှုနဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013