DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ဘတ်စ်ကားပေါ်တွင် တော်လှန်ရေးသီချင်း သီဆိုဆန္ဒပြ
DVB
·
October 31, 2023
ရန်ကုန် ဘတ်စ်ကားပေါ်တွင် တော်လှန်ရေးသီချင်း သီဆိုဆန္ဒပြ
Donate to DVB

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ လက်ရှိဆင်နွှဲနေကြတဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ အားပေးတဲ့အနေနဲ့ ပြည်သူတွေ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဆက်လက်ပူးပေါင်း ပါဝင်ကြဖို့ ရန်ကုန်မြို့မှာ လူငယ်တချို့က  ဘတ်စ်ကားပေါ် တော်လှန်ရေးသီချင်းသီဆို ဆန္ဒပြခဲ့ကြပါတယ်။ 

‘သင်တို့ လိပ်ပြာလုံရဲ့လား’ စာသားပါဝင်တဲ့ နာမည်ကျော် တော်လှန်ရေးသီချင်း ဖြစ်တဲ့ “ကြယ်” သီချင်းကို ရန်ကုန်မြို့ရှိ ဘတ်စ်ကားလိုင်းတခုပေါ်မှာ တော်လှန်ရေးအင်အားစု လူငယ်တွေက အောက်တိုဘာ ၃၀ ရက်မှာ သီဆို ဆန္ဒပြခဲ့ကြတာလို့  North Dagon Oppressed People's Strike Coalition (NDOPSC) ထံက သိရပါတယ်။

NDOPSC ဥက္ကဋ္ဌ ကိုအောင်ခန့်ဖြိုးက “Opreation 1027 ကို အားပေးဖို့ ဒီတခေါက်တိုက်ရင်း ခေါ်လိုက်တဲ့ D-day ကနေစပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးထိ ဦးတည်တိုက်ကြဖို့ပါ။ ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ရင်း အသက်ပေးလှူသွားတဲ့ ရဲဘော်တွေ အခုလက်ရှိ အသက်တွေ ဘဝတွေ ပေးဆပ် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ ပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သီဆိုခဲ့တာ ဖြစ်ပါတယ်။ လူထုကြားမှာ ပြုလုပ်ခဲ့ရတာမို့ အခက်အခဲရှိနိုင်တာ သိပေမဲ့ ကျနော်တို့ ရဲဘော်တွေ အန္တရာယ်ကြားက အကောင်းဆုံး ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အဲ့လှုပ်ရှားမူကြောင့် ပြည်သူလူထုရင်ထဲက တော်လှန်ရေးကို မမေ့သေးတာတွေ၊ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေ အများကြီးရှိနေသေးတယ် ဆိုတာကို အတိုင်းသား မြင်တွေ့ခဲ့ရတဲ့အတွက် အများကြီး အားတက်ရပါတယ်။ ပင်ပန်းရကျိုးနပ် တာပေါ့ဗျာ..။ တော်လှန်ရေးရဲ့အသက် သွေးကြောက ပြည်သူလူထုဖြစ်တာကြောင့် ကျနော်တို့အားလုံး ပြိုင်တူတွန်းရင် ဒီအာဏာရှင် တံတိုင်းကြီးက ပြိုကိုပြိုပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်စနစ် တော်လှန်တိုက်ခိုက်ရေးမှာ အသက်ပေးသွားသော သူရဲကောင်း ရဲဘော်တွေနဲ့ လက်ရှိ တိုက်ပွဲဝင် ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို ဘတ်စ်ကားပေါ်မှာ သီဆို ဟစ်ကြွေး ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့လည်း ဆိုပါတယ်။

ရုပ်/သံ - AAMIJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013