DVB Logo
Home
နိုင်ငံတကာ
သီရိလင်္ကာနိုင်ငံတွင် အမြွှာအလှမောင်မယ်ပြိုင်ပွဲ ထူးခြားခြား ကျင်းပ
DVB
·
October 31, 2023
သီရိလင်္ကာနိုင်ငံတွင် အမြွှာအလှမောင်မယ်ပြိုင်ပွဲ ထူးခြားခြား ကျင်းပ
Donate to DVB

သီရိလင်္ကာနိုင်ငံ၊ မြို့တော် ကိုလံဘိုမှာ အောက်တိုဘာ ၂၈ ရက်က အမြွှာအလှမောင်မယ် ပြိုင်ပွဲကို ထူးထူးခြားခြား ကျင်းပခဲ့ပါတယ်။

Miss and Mr. Twins 2023 အမည်နဲ့ စတင်ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင်အမြွှာတွေကို ဒိုင်တွေက Most Photogenic၊ Best Talent စတဲ့ အရည်အချင်းတွေအပြင် Mirror Imaginary လိုမျိုး အမြွှာတယောက်က နောက်တယောက်ရဲ့ လှုပ်ရှားမှုတွေကို ပုံတူကူးနိုင်ပုံကို စမ်းသပ်စစ်ဆေး အကဲဖြတ် အမှတ်ပေးခဲ့ကြတာလို့ ဆိုပါတယ်။

ဒါဟာ သီရိလင်္ကာနိုင်ငံမှာ ပထမဆုံး ကျင်းပခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်လာပြီး Winner ဆု ရရှိသူတွေကတော့ နိုင်ငံကိုယ်စားပြုအဖြစ် လာမယ့် ၂၀၂၄ ခုနှစ် ဧပြီလလယ်မှာ ကျင်းပမယ့် Global Miss and Mr. Twins ပြိုင်ပွဲမှာ ဆက်လက်ပါဝင်ယှဉ်ပြိုင်သွားကြမယ်လို့ သိရပါတယ်။

ပွဲစီစဉ်သူတွေကတော့ ဒီပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်က အမြွာပြိုင်ပွဲဝင်ပေါင်း ၄,၀၀၀ လောက်ထိ ပါဝင်သွားကြမယ်လို့ မျှော်မှန်းထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013