DVB Logo
Home
မြန်မာသတင်း
မြေပုံတွင် ဒီရေတက်ပြီး ရေကာတာကျိုးပေါက်၊ လယ်ဧက ၅ သောင်းခန့် ရေမြုပ်
DVB
·
August 13, 2014
မြေပုံတွင် ဒီရေတက်ပြီး ရေကာတာကျိုးပေါက်၊ လယ်ဧက ၅ သောင်းခန့် ရေမြုပ်
Donate to DVB

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ထဲမှာ ဒီရေမြင့်တက်ပြီး ရေတားတမံတွေ ကျိုးပေါက်ကုန်တာကြောင့် လယ်ဧက ၅ သောင်းလောက် ရေမြုပ်ပျက်စီးကုန်တယ်လို့ မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။

[caption id="attachment_62268" align="alignright" width="300"]ဓာတ်ပုံ - အာရ်ကန်တိုင်းမ်စ် ဓာတ်ပုံ - အာရ်ကန်တိုင်းမ်စ်[/caption]၀ါခေါင်လပြည့်ကျော် သြဂုတ်လ ၁၀ ရက်လောက်ကတည်းက ပင်လယ်ဒီရေမြင့်တက်လာပြီး ရေတားတမံတွေ ကျိုးပေါက်ကုန်တာလို့ သူက ပြောပါတယ်။

“ဒီလ ထူးကဲရေတွေ တက်နေတယ်။ ထူးကဲရေဆိုတာက မူလရေထက်ကို တံတောင်ကျော်လောက်တက်တယ်။ မြေပုံမြို့နယ်က လယ်မြေ ၉၀ ရာခိုင်နှုန်းလောက်က ရေငံတားတာတမံတွေ နဲ့ လုပ်စားနေတဲ့ လယ်ကွင်းတွေများပါတယ်။ အဲဒါတွေ ကျိုးပေါက်တာပေါ့။ ရေကျော်တယ်။ ရေရဲ့ဖိအားကို မခံနိုင်တော့ တာရိုးတွေ ကျိုးပေါက်တော့ တချို့လည်း စပါးတွေ စိုက်ပျိုးလို့ပြီးပြီ။ အဲဒီအခြေအနေမျိုးမှာ တာဘောင် တာရိုးတွေ ကျိုးပေါက်သွားတော့ စပါးကွင်းတွေ ရေထဲအကုန် မြုပ်ကုန်တာပေါ့။ လယ်ဧက ၅ သောင်း ပတ်ဝန်းကျင်လောက် ရှိပါလိမ့်မယ်။”

မြေပုံမြို့နယ်ထဲ စိုက်ပျိုးထားတဲ့ လယ်ဧကစုစုပေါင်းရဲ့ ထက်ဝက်လောက် ရေမြုပ်နေတာဖြစ်ပြီး ရေတားတမံတွေ အချိန်မီမပြင်နိုင်ရင် ကျန်တဲ့လယ်တ၀က်လောက်လည်း ရေမြုပ်ဆုံးရှုံးနိုင်ခြေရှိတယ်လို့လည်း မြေပုံအမတ် ဦးဖေသန်းက ပြောပါတယ်။

မြေပုံမြို့နယ်ထဲရှိ ငမာန်းရဲကျွန်း၊ ကျွန်းစဉ် စတဲ့ ကျွန်းတွေပေါ်က အတွင်း ငါးခူချောင်း၊ အပြင်ငါးခူချောင်း စတဲ့ ကျေးရွာပေါင်း ၁၅ ရွာက လယ်တွေ ရေမြုပ်နေတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားပြီး ပြည်နယ်ဝန်ကြီးချုပ်ကလည်း လုပ်ဆောင်ပေးဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

လပြည့်ကျော် ၈ ရက်လောက်ဆို ရေသေရက်ဖြစ်သွားပြီး ဒီရေတက်မလာနိုင်လို့ အဲ့ဒီရက်တွေမှာ ရေတားတမံတွေကို အချိန်မီပြင်ဆင်နိုင်ဖို့ မြေပုံက လယ်သမားတွေ မျှော်လင့်နေကြပါတယ်။

မြေပုံမြို့က ကယ်ဆယ်ရေးစခန်းတခုကို လှမ်းမေးကြည့်ရာမှာတော့ ဒီရေတက်တယ် ဆိုပေမယ့် သူတို့စခန်းမှာတော့ ရေနစ်မြုပ်တာ မရှိပါဘူးလို့ ဖြေဆိုပါတယ်။

“မိုးကတော့ ရွာရင်တော့ အများကြီးရွာတယ်။ မိုးရိပ်လေး နည်းနည်းတက်နေပေမယ့် အခုတော့ နေ နည်းနည်းသာနေတယ်” လို့ ပြောပါတယ်။

မြေပုံမှာ အလားတူဖြစ်ရပ်မျိုး နှစ်တိုင်းလို ကြုံတွေ့ရလေ့ရှိပြီး လယ်ပျက်တာ အနည်းအများ ကွားခြားတာပဲ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013