
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ အောက်တိုဘာ ၃၀ ရက်မှာ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ချိန်မှာ အစ္စရေးကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေသတွင်း ပဋိပက္ခတွေ ပြင်းထန်လာနေချိန်တဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးအတွက် တောင်းဆိုခဲ့ပါတယ်။
စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ချိန်မှာ အန်ဝါက ခုလို မှတ်ချက်ပေးခဲ့တာပါ။ စင်ကာပူနိုင်ငံဆီ နှစ်ရက်ကြာ အလည်အပတ်ရောက်နေတဲ့ မလေးရှားခေါင်းဆောင်ဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဗဟိုပြုတဲ့ ၁၀ ကြိမ်မြောက် စင်ကာပူ-မလေးရှား ခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ရွေးကောက်ခံ စင်ကာပူ သမ္မတအသစ် သာမန် ရှန်မူဂါရတ်နမ် နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ပါလက်စတိုင်းကို ထောက်ခံအားပေးသူ မွတ်စလင် အများစု နေထိုင်တဲ့ မလေးရှားမှာ အောက်တိုဘာ ၂၄ ရက်က အန်ဝါဟာ ပါလက်စတိုင်း လိုလားသူတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ သူဟာ ပါလက်စတိုင်းအရေးကို ထောက်ခံအားပေးသူဖြစ်ပြီး အစ္စရေးနဲ့ ပဋိပက္ခကို နှစ်နိုင်ငံ တည်ထောင်တဲ့ နည်းနဲ့ ဖြေရှင်းဖို့ တောင်းဆိုခဲ့ပါတယ်။
Source/Photo - Reuters