DVB Logo
Home
Lead Story
၄၇ နှစ်မြောက် စစ်တွေဆန်ပြဿ နာနေ့ ကျင်းပ
DVB
·
August 13, 2014
၄၇ နှစ်မြောက် စစ်တွေဆန်ပြဿ     နာနေ့ ကျင်းပ
Donate to DVB

သြဂုတ် ၁၃ ရက်နေ့ဟာ စစ်အာဏာရှင်တွေရဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မှာ လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၄၇ နှစ်မြောက် စစ်တွေဆန်ပြဿ နာနေ့ ဖြစ်ပါတယ်။

[caption id="attachment_62257" align="alignright" width="300"]ဓာတ်ပုံ - စစ်တွေသတင်းဌာန ဓာတ်ပုံ - စစ်တွေသတင်းဌာန[/caption]ဒီနေ့ အထိမ်းမှတ်အနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က နေရာ ၅ ခု အပြင် တခြား မြို့တွေမှာလည်း ရခိုင်လူထုတွေက ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

စစ်တွေမြို့ ရခိုင်အမျိုးသမီးကွန်ရက်ရုံးမှာအပြင် တခြားနေရာ ၅ ခုမှာ အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ခဲ့တယ်လို့ ရခိုင်အမျိုးသမီးကွန်ရက်အဖွဲ့က ဒေါ်ညိုအေးက ပြောပါတယ်။

၁၉၆၇ ခုနှစ် သြဂုတ် ၁၃ ရက်နေ့က ဆန်ပြဿ နာကို ဖြေရှင်းပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ လူထုကို စစ်တပ်က ပစ်ခတ် ဖြိုခွင်းခဲ့လို့ ရခိုင်ပြည်သူ ၃၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သေဆုံးသွားတဲ့ပြည်သူတွေကို မေတ္တာပေးဝေပြီး သူတို့အတွက် အောက်မေ့ ၀မ်းနည်းဖွယ်အခမ်းအနားတွေ ကျင်းပတာလို့ ဒေါ်ညိုအေးက ပြောပါတယ်။

နောက်နောင် ဒီလိုအလားတူ ပြဿ နာမျိုး မဖြစ်ရလေအောင် အစိုးရနဲ့ ပြည်သူအကြား ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့လည်း သူက တိုက်တွန်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013