DVB Logo
Home
မြန်မာသတင်း
ထိုင်းလဝကအရာရှိ လက်မှတ်တုဖြင့် ဝင်ရောက်လာသည့် မြန်မာ ၂၀ ဖမ်းဆီးခံရ
DVB
·
October 30, 2023
ထိုင်းလဝကအရာရှိ လက်မှတ်တုဖြင့် ဝင်ရောက်လာသည့် မြန်မာ ၂၀ ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံထဲကို  ပတ်စပို့မှာ ထိုင်းလဝကအရာရှိ လက်မှတ်အတု ထုပြီး ဝင်ရောက်လာခဲ့တဲ့ မြန်မာ အလုပ်သမားအယောက် ၂၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၈ ရက်က ထိုင်းနဲ့ မလေးရှားနယ်စပ် ဆောင်ခလာခရိုင်ထဲမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ကင်းလှည့်ချိန် ဖမ်းမိခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပတ်စပို့တွေ ပေါ်မှာ သုဝဏ္ဏဘူမိလေဆိပ် လဝကအရာရှိ လက်မှတ်တံဆိပ်တုံးတုတွေနဲ့အတူ စစ်ဆေးတွေ့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသား အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ဟာ ထိုင်းကတဆင့် မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ ပွဲစားကတဆင့် တယောက်ကို ဘတ် ၁၂၀,၀၀၀ စီ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ ပတ်စပို့ပေါ်က တံဆိပ်တုံးတုကိုလည်း အဆိုပါ ပွဲစားကပဲ လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး တောလမ်းကတဆင့် လမ်းပြအကူအညီနဲ့ ထိုင်းနယ်စပ် ကန်ချနဘူရီ ခရိုင်ထဲကို ဝင်ရောက်လာခဲ့တာလို့ သူတို့က ပြောပါတယ်။

အဲဒီနောက် ဘန်ကောက်မှာ တညတာတည်းခိုခဲ့ပြီး အဲဒီကမှတဆင့် ထိုင်းနဲ့ မလေးရှား နယ်စပ် ဆောင်ခလာခရိုင်ဆီ ဘတ်စ်ကားနဲ့ ခေါ်ဆောင်လာခဲ့တာလို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ဆေးမေးမြန်းနေပြီး တရားမဝင် ဝင်ရောက်လာမှု၊ လိမ်လည်မှု၊ ပတ်စ်ပို့တံဆိပ်တုံးအတု လုပ်ဆောင်မှု စတာတွေနဲ့ ရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှား ပါးနေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက် နေရာမှာ တရားမဝင်နယ်စပ်ဖြတ်ကျော် လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013