DVB Logo
Home
Lead Story
သစ်တောဝန်ကြီးနှင့် တရုတ် သစ်တောညွှန်ချုပ် သစ်မှောင်ခိုကာကွယ်ရေးကိစ္စ ဆွေးနွေး
DVB
·
August 13, 2014
သစ်တောဝန်ကြီးနှင့် တရုတ် သစ်တောညွှန်ချုပ် သစ်မှောင်ခိုကာကွယ်ရေးကိစ္စ ဆွေးနွေး
Donate to DVB

မြန်မာနိုင်ငံဟာ ပြည်ပကို သစ်အလုံးလိုက် တင်ပို့တာတွေ ရပ်ဆိုင်းလိုက်ပြီး ပြည်တွင်းမှာ သစ်အချောထည်လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အားပေးနေတဲ့အပြင် တရားမ၀င် သစ်မှောင်ခို ခိုးထုတ်တာတွေကိုလည်း တားဆီးကာကွယ်ဖို့ ကြိုးစားနေတယ်လို့ သစ်တောရေးရာနဲ့ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောပါတယ်။

teak1-300x193သြဂုတ် ၁၂ ရက်နေ့က မြန်မာနိုင်ငံအတွင်း သစ်အချောထည်လုပ်ငန်း ထူထောင်ရေး လာလေ့လာတဲ့ တရုတ်နိုင်ငံ ဖူးကျန့်ပြည်နယ် သစ်တောရေးရာဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ချန်ဇီရှန်းနဲ့ အဖွဲ့ နေပြည်တော်က ၀န်ကြီးရုံးမှာ တွေ့စဉ် အခုလို ပြောလိုက်တာလို့ မြန်မာ့သတင်းစဉ်က ဖော်ပြပါတယ်။

သစ်အချောထည် ထုတ်လုပ်တဲ့လုပ်ငန်းမှာ နည်းပညာဖလှယ်ရေးနဲ့ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နိုင်မယ့်ကိစ္စ အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက သစ်တွေကို အဓိကအားဖြင့် တရုတ်နိုင်ငံဘက် ခိုးထုတ်မှုရှိနေပြီး ပြီးခဲ့တဲ့ လအထိ သစ်တန်ချိန် သောင်းနဲ့ချီ ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ သစ်တောဌာနက ထုတ်ပြန် ကြေငြာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013