DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်တ၀န်း လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုမည်
DVB
·
August 13, 2014
ကရင်နီပြည်နယ်တ၀န်း လူထုဆွေးနွေးမှုရလဒ် အစိုးရကို တောင်းဆိုမည်
Donate to DVB

ကရင်နီပြည်နယ်တ၀ှမ်း ကျေးရွာပေါင်းစုံ လူထုစည်းဝေးပွဲကို ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO) က ဦးစီးပြီး လွိုင်ကော်မြို့ မော့ဒူဒီးဘိုး ခန်းမမှာ သြဂုတ်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားခဲ့ပြီး အဲဒီပွဲက ရလဒ်တွေကို အစိုးရကို တောင်းဆိုဖို့ ရှိနေပါတယ်။

၅ ရက်ကြာကျင်းပခဲ့တဲ့ ဒီလူထုအစည်းအဝေးကို လွိုင်ကော်မြို့နယ်၊ ဒီမောဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖာဆောင်းမြို့နယ်၊ မဲ့စဲမြို့နယ်နဲ့ ရှားတောမြို့နယ်တွေက ကျေးရွာပေါင်း ၉၀ ကျော်က ပြည်သူလူထု စုစုပေါင်း ၄၈၈ ဦး တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြတာပါ။
[caption id="attachment_62242" align="alignright" width="300"]ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ - ၂၀၁၃) ကေအန်ဒဗလျူအို လှုပ်ရှားမှု အစီရင်ခံစာ (၂၀၀၉ - ၂၀၁၃)[/caption]

လူထုအစည်းအဝေးအတွင်း ကျေးလက်နေ ပြည်သူလူထုအပေါ် သက်ရောက်မှုရှိတဲ့ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲနိုင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေ ပါဝင်ရေး၊ အခြေခံအဆောက်အအုံ၊ ကလေးသူငယ်တွေအတွက် ပညာရေး တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းတွေ၊ ကရင်နီပြည်နယ် ဆင်းရဲမွဲတေမှု လျော့ကျရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း စတာတွေကို ဆွေးနွေးခဲ့ကြတာ ပါ။

ဒီပွဲကို ဦးဆောင်ကျင်းပတဲ့ ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO) အထွေထွေ အတွင်းရေးမှူး ဒေါ်မီးမီးကတော့ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အလုပ်လက်မဲ့ လျော့ချရေးစတာတွေကို အမျိုးအစား ခေါင်းစဉ် ၉ မျိုးနဲ့ ဆွေးနွေးခဲ့ပြီး လူထုဆွေးနွေးမှုရလဒ် တွေကို အစိုးရ၊ လွှတ်တော်နဲ့ သက်ဆိုင်ရာအဖွဲ့တွေကို တင်ပြသွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“အဓိက အမျိုးအစားခေါင်းစဉ် ၉ မျိုးရှိတယ်။ အဲဒီ ခေါင်းစဉ် ၉ မျိုးထဲမှာ တောင်းဆိုထားတဲ့ အချက်တွေ ပညာရေးတို့ ကျန်းမာရေးတို့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုပါဝင်ရေးတို့ အလုပ်လက်မဲ့ လျော့ချရေးတို့ လူငယ်နဲ့ အမျိုးသမီးတွေ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်လာရေးတို့တွေ မူဝါဒပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဘယ်လိုလုပ်ဆောင်မလဲပေါ့ အဲဒါတွေ ဆွေးနွေးတာပါ။ လူထုအားလုံးဆွေးနွေးထားတဲ့အချက်တွေကို အစိုးရရော လွှတ်တော်ရော သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုလည်း ပို့ပေးမယ်။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ ဇွန်လအတွင်းမှာလည်း ကျေးရွာ ၃၅) ရွာကို ကွင်းဆင်းပြီး လူထုဆွေးနွေးပွဲတွေ ပြုလုပ်စဉ်က ရရှိခဲ့တဲ့ ဆွေးနွေးချက်တွေကိုလည်း စုပေါင်းပြီး ၅ ရက်ကြာ ကျင်းပခဲ့တဲ့ ဒီလူထုအစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်တ၀ှမ်းမှာ မူကြိုကျောင်းမရှိတာ၊ ကျန်းမာရေးအတွက် ဝေလံခေါင်ဖျားတဲ့ ဒေသတွေမှာ ဆေးခန်းမရှိတာတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဒေါ်မီးမီးက ပြောပါတယ်။
“၅ နှစ်အောက် ကလေးတွေအတွက် မူကြိုကျောင်းတွေ မရှိပဲနဲ့ ကလေးတွေက အစောပိုင်း ကြီးထွားဖွံ့ဖြိုးမှုပိုင်းမှာ မတက်ရတဲ့အတွက် နောက်ပိုင်း မူလတန်းတတ်တဲ့ အချိန်မှာ စာတွေကို စိတ်မ၀င်စားတော့ပဲ မူလတန်းအဆင့်နဲ့ ကျောင်းထွက်လိုက်ရတာမျိုးတွေပေါ့နော်။ ကျန်းမာရေး ကဏ္ဍမှာလည်း ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေမှာ ဆေးခန်းတွေမရှိတာ။ ရှိတဲ့ဆေးခန်းက တအားဝေးတော့ တကယ့်တကယ် အရေးပေါ်အခြေအနေမှာ သွားရတာဝေးတော့ မမီတာတွေပေါ့။ ဆေးခန်းရှိသော်လည်း ဆရာ၊ ဆရာမ အလုံအလောက် မရှိတာပေါ့။”

ယခင်က ကရင်နီပြည်နယ်လို့ ခေါ်ဆိုခဲ့တဲ့ ကယားပြည်နယ်ကို လွန်ခဲ့တဲ့ ၁၉၅၂ ခုနှစ် ပါလီမန် အစိုးရ လက်ထက်က ကရင်နီပြည်ဆိုတဲ့ အမည်ကနေ ကယားပြည်နယ်အဖြစ်ကို ပြောင်းလဲ ခေါ်ဝေါ်လိုက် တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အသေးဆုံးပြည်နယ်လည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013