
နယူးကာဆယ်အသင်းဟာ ၁ ၀လပွဲပယ်ပြစ်ဒဏ်ထိခဲ့တဲ့ တိုနယ်လီရဲ့နေရာမှာ ဝုဗ်ကွင်းလယ် လူဟောင်း ရူဘင်နီဗက်စ်နဲ့ အစားထိုးဖို့ စီစဉ်နေပါတယ်။
ပေါ်တူဂီလက်ရွေးစင် နီဗက်စ်ဟာ အခုနှစ် အပြောင်းအရွှေ့မှာ ဝုဗ်ကနေ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့ကစားနေတာပါ။
အယ်လ်ဟီလယ်အသင်းကို ဆော်ဒီအစိုးရပိုင်ဆိုင်တဲ့ PIF အုပ်စုက ပိုင်ဆိုင်တဲ့ဘောလုံးအသင်း တစ်သင်းဖြစ်ပြီး သူတို့ဟာ နယူးကာဆယ်အသင်းရဲ့ အဓိကရှယ်ယာတွေကိုလည်းပိုင်ဆိုင်ပါတယ်။
ဒါကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်တွေမှာ ရမှတ်လိုအပ်နေတဲ့ နယူးကာဆယ်အသင်းဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ရူဘင်နီဗက်စ်ကို ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။ နီဗက်စ်ဟာ အယ်လ်ဟီလယ်နဲ့ ၁၄ ပွဲကစားထားပြီး တစ်ဂိုးသွင်းယူထားပါတယ်။
Photo-Reuters










