DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့ ဝါရှင်တန်တွင် တွေ့ဆုံ
DVB
·
October 28, 2023
အမေရိကန်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး တို့ ဝါရှင်တန်တွင် တွေ့ဆုံ
Donate to DVB

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ သောကြာနေ့က တွေ့ဆုံခဲ့ပါတယ်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ နှုတ်ခွန်းဆက်စကားတွေကို သမ္မတ ဘိုင်ဒန် ဆီ ပေးပို့ပြောကြားခဲ့ပြီး အစည်းအဝေးကို စတင်ခဲ့ပါတယ်။

ဝမ်ယိက သူ့ရဲ့ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်သွယ်ရေး အတွက် ရည်ရွယ်တယ် လို့ ပြောပါတယ်။ 

နိုင်ငံ့ခေါင်းဆောင် ၂ ဦးရဲ့ အရေးကြီးတဲ့ သဘောတူညီမှုကို အကောင်အထည်ဖော်ဖို့နဲ့ ဘာလီ အစည်းအဝေး ပြန်လည်စတင်မယ့် အစီအစဉ်အပေါ် အခြေခံပြီး ဆန်ဖရန်စစ္စကိုမှာ စီစဉ်ထားတဲ့ အစည်းအဝေးကို အာရုံစိုက်ဖို့ ရည်ရွယ်ထားကြောင်း၊ ဒါမှသာ ဆက်ဆံရေး နောက်ထပ် မပျက်စီးစေပဲ တည်ငြိမ်အောင် ထိန်းသိမ်းပြီးတော့ ကောင်းမွန်တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီကို ပြန်ရောက်နိုင်မှာဖြစ်ကြောင်း ဝမ်ယိက ပြောပါတယ်။

တရုတ်-အမေရိကန် မူဝါဒ ၃ ခု၊ ပူးတွဲကြေညာချက်တွေဟာ ၂ နိုင်ငံဆက်ဆံရေးရဲ့ အရေးကြီးဆုံး နိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်ပြီး အနှောင့်အယှက်ကင်းကင်းနဲ့ ထက်ထက်သန်သန် ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

ဘိုင်ဒန်ကလည်း သမ္မတ ရှီကျင့်ဖျင်ကို နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမေရိကန်ဖက်မှ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကိုလည်း အတူတကွ ရင်ဆိုင်ဖြေရှင်းဖို့ ဆန္ဒရှိကြောင်း ပြောကြားပြီး သူ့နိုင်ငံရဲ့ ရပ်တည်ချက်ကို တန်ဖိုးထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

ဝမ်ယိဟာ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်ထနီ ဘလင့်ကန်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သလို အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်နဲ့လည်း မဟာဗျူဟာမြောက် ဆက်သွယ်မှုမှာ ပါဝင်နေပါတယ်။  

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013