DVB Logo
Home
နိုင်ငံတကာ
ကျင့်ဝတ်ထိန်းအရာရှိများနှင့် တွေ့ဆုံခဲ့သည့် အီရန် မိန်းကလေး သေဆုံး
DVB
·
October 28, 2023
ကျင့်ဝတ်ထိန်းအရာရှိများနှင့် တွေ့ဆုံခဲ့သည့် အီရန် မိန်းကလေး သေဆုံး
Donate to DVB

အသက် ၁၆ နှစ်အရွယ် အီရန်မိန်းကလေး အာမီတာ ဂီရာဗန်ဟာ အမျိုးသမီးတွေ ခေါင်းအုပ် ဝတ်ဆင်ရမယ့်  နိုင်ငံရဲ့ ဟီဂျဘ်ဥပဒေကို ချိုးဖောက်မှုကြောင့် ကျင့်ဝတ်ထိန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ အပြီးမှာ သေဆုံးသွားခဲ့ကြောင်း တရားဝင် IRNA သတင်းဌာနက အောက်တိုဘာ ၂၈ ရက်မှာ ဖော်ပြ ခဲ့ပါတယ်။ 

“ကံမကောင်းစွာနဲ့ပဲ အာမီတာ ဂီရာဗန်ဟာ ဦးနှောက်ထိခိုက်မှု ခံစားခဲ့ရပြီး အချိန်အတော်ကြာ ကိုမာဝင်ကာ သတိလစ် မေ့မြောသွားခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ  သေဆုံးသွားခဲ့တယ်” လို့ IRNA သတင်းမှာ ဖော်ပြထားပါတယ်။ 

ဂီရာဗန်ဟာ အောက်တိုဘာ ၁ ရက်က ကိုမာဝင်ကာ သတိလစ် မေ့မြောသွားပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ဦးနှောက်သေသွားပြီလို့ ကြေညာခဲ့ပါတယ်။ 

ကာဒစ်ရှ်- အီရန် ဟန်းဂေါ လို လူ့အခွင့်အရေးအဖွဲ့တွေဟာ အာမီတာ ဂီရာဗန် ဆေးရုံတက်ကုသ နေရခြင်းကို ပထမဆုံး လူသိရှင်ကြား ဖြစ်အောင် လုပ်ခဲ့တာဖြစ်ပြီး  အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြွန်နှင့် ခေါင်းပေါ်တွင် ပတ်တီးဖြင့် သတိလစ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ်တဦးရဲ့ ဓာတ်ပုံတွေကို လူမှုမီဒီယာမှာ လွှင့်တင်ခဲ့ပါတယ်။ 

ရိုက်တာကတော့ အဲဒီဓာတ်ပုံတွေကို အတည်မပြုနိုင်သေးပါဘူး။ အောက်တိုဘာ ၁ ရက်နေ့က တီဟီရန် မက်ထရိုမှာ အစ္စလာမ့် ၀တ်စားဆင်ယင်မှု စည်းမျဉ်းကို လိုက်နာရေး ကျင့်ဝတ်ထိန်း အရာရှိတွေနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက်မှာ ဂီရာဗန် ထိခိုက်နာကျင်သွားတယ် ဆိုတာကို အီရန် အစိုးရကတော့ ငြင်းဆိုထားပါတယ်။

မနှစ်တုန်းကလည်း ကျင့်ဝတ်ထိန်း ရဲအရာရှိတွေ ထိန်းသိမ်းထားချိန်အတွင်း မာဆာ အာမီနီ သေဆုံးရမှုကြောင့် နိုင်ငံတဝန်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပွားခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013