DVB Logo
Home
အားကစား
မန်ချက်စတာဒါဘီပွဲကို တကမ္ဘာလုံးကစောင့်ကြည့်နေဟု  ဂွါဒီယိုလာပြော
DVB
·
October 28, 2023
မန်ချက်စတာဒါဘီပွဲကို တကမ္ဘာလုံးကစောင့်ကြည့်နေဟု  ဂွါဒီယိုလာပြော
Donate to DVB

မြို့ခံပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်ယူနိုက်တက်နဲ့  မန်စီးတီးတို့ ယှဉ်ပြိုင်ကစားကြမယ့် မန်ချက်စတာဒါဘီပွဲဟာ တကမ္ဘာလုံးက စောင့်ကြည့်ကြမယ် ပွဲကြီးပွဲကောင်း ဖြစ်ကြောင်း စီးတီးနည်းပြဂွါဒီယိုလာက ပြောပါတယ်။

ဒီပွဲစဉ်ကို တနင်္ဂနွေည ၁၀ နာရီမှာ မန်ယူအသင်းရဲ့ အိုးထရတ်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ 

ဒီပွဲစဉ်ဟာ မန်ချက်စတာ မြို့အတွင်းမှာ အလွန်ကြီးမားတဲ့ပွဲဖြစ်သလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လည်း အားလုံးစောင့်ကြည့် ကြမယ့် ပွဲစဉ်ဖြစ်ကြောင်းပြောပါတယ်။

အသင်းကိုတိုးတက်မှုရှိအောင် လုပ်ဆောင်သွားရမှာဖြစ်ပြီး ပူးပေါင်းလုပ်ဆောင်မှုတွေနဲ့ လူပ်ရှားမှုကောင်းတွေ လိုအပ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။ 

မန်ယူနည်းပြ တန်ဟတ်ဂ်ကတော့ မန်စီးတီးက အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်ပြီး ပြိုင်ဘက်အသင်းက အနိုင်ရရှိဖို့ နည်းလမ်းရှိထားမှာဖြစ်သလို မန်ယူအသင်းဘက်ကလည်း မှန်ကန်တဲ့လမ်းကြောင်းနဲ့ ချဉ်းကပ်သွားဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဒီနှစ်သင်းဟာ မနှစ်က ရာသီမှာတွေ့ဆုံခဲ့စဉ်က နှစ်ကျော့စလုံး ၂ ဂိုး ၁ ဂိုး ရလဒ်တွေနဲ့ တစ်ပွဲစီ အနိုင်ရရှိခဲ့ကြ ပါတယ်။ 

Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013