DVB Logo
Home
မြန်မာသတင်း
မြန်မာငြိမ်းချမ်းရေးစင်တာနှင့် တိုင်းရင်းသားခေါင်းဆောင်များ အကြိုညှိနှိုင်း
DVB
·
August 12, 2014
မြန်မာငြိမ်းချမ်းရေးစင်တာနှင့် တိုင်းရင်းသားခေါင်းဆောင်များ အကြိုညှိနှိုင်း
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တတိယမူကြမ်းကို အချောသတ်ဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေပါတယ်။

[caption id="attachment_62217" align="alignright" width="300"]ဓာတ်ပုံ - ညိုအုန်းမြင့် ဓာတ်ပုံ - ညိုအုန်းမြင့်[/caption]

တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေနဲ့ အစိုးရအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် တတိယမူကြမ်းကို လာမယ့် သြဂုတ် ၁၅နဲ့ ၁၆ ရက်တွေမှာ ရန်ကုန်မှာ ဆွေးနွေးဖို့ ရှိပြီး အဲဒီအတွက် ကြိုတင် ညှိနှိုင်းနေတာ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာမှာ တိုင်းရင်းသားတွေရဲ့ စိုးရိမ်ပူပန်မှုကို အတတ်နိုင်ဆုံး ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သတင်းစကားပါးတဲ့အကြောင်းလည်း သူက ပြောပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တပြည်လုံး အပစ်အခတ်ရပ်စဲပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင်ချမှတ်ဖို့နဲ့ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ စဖို့ သဘောတူထားပြီး ဖြစ်ပါတယ်။

တပြည်လုံး အပစ်အခတ်ရပ်ဖို့ စာချုပ်လက်မှတ် မထိုးနိုင်သေးပေမယ့် မနေ့ကတော့ အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေးပါတီ ၆၆ ပါတီကို ရန်ကုန်မှာ တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင် ချမှတ်ရာမှာ တာဝန်ယူမှုရှိရှိနဲ့ ပါဝင်ကြဖို့ ပြောကြားခဲ့ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013