DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးကိုယ်စားလှယ်လောင်းကို ဦးစားပေးမည်ဟု အက်ဖ်ယူပီပါတီပြော
DVB
·
August 12, 2014
အမျိုးသမီးကိုယ်စားလှယ်လောင်းကို ဦးစားပေးမည်ဟု အက်ဖ်ယူပီပါတီပြော
Donate to DVB

ဖက်ဒရယ်ပြည်ထောင်စုပါတီ (အက်ဖ်ယူပီ) ဟာ ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာရော၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲတွေမှာပါ ကိုယ်စားလှယ်လောင်းတွေ စေလွှတ်တဲ့အခါမှာ အရည်အချင်းချင်းတူညီတယ်ဆိုရင် အမျိုးသမီးကိုယ်စားလှယ်လောင်းကို ဦးစားပေးရွေးချယ်မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှု နည်းပါးနေတဲ့အပြင် အမျိုးသမီးတို့ရဲ့ စွမ်းရည်ကို မြှင့်တင်တဲ့အနေနဲ့  အမျိုးသမီးကိုယ်စားလှယ်လောင်းကို ဦးစားပေးရွေး ချယ်သွားမယ်လို့  ပါတီဒုဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

TTO.2အခုလို အမျိုးသမီးကိုယ်စား လှယ်လောင်း ဦးစားပေးဖို့ကိစ္စကို ပါတီအစည်းအဝေး တိုင်းမှာလည်း အမြဲလို ပြောဆိုခဲ့ တဲ့အတွက် အမျိုးသားကိုယ်စား လှယ်တွေလည်း နားလည်လက်ခံတယ်လို့ သူကဆက်ပြောပါတယ်။

တဖက်ကလည်း ပါတီဝင် အမျိုးသမီးတွေရဲ့ အရည်အသွေးမြှင့်တင်ဖို့အတွက် အခြားအဖွဲ့အစည်းက ဖွင့်လှစ်တဲ့ အမျိုးသမီးခေါင်းဆောင်မှုသင်တန်းတွေ၊ စွမ်းရည်မြှင့် သင်တန်းတွေလည်း အခါအားလျော်စွာ ပါဝင်တက်ရောက်နေတယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီရဲ့ ခုလိုဆုံးဖြတ်ချက်အပေါ်မှာ အမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ ) ကလည်း ကြိုဆိုလိုက်ပြီး အခြားနိုင်ငံရေးပါတီတွေကပါ ခုလိုစဉ်းစားစေချင်ကြောင်း ၊ ယခင်က အမျိုးသမီးတွေမှာ အရည်အချင်းရှိပေမယ့်  ခေါင်းဆောင်ဆိုရင် အမျိုးသားကိုသာ ရွေးချယ်လေ့ရှိတဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ အမြင်ကိုပါ ပြောင်းလဲဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်းနဲ့  အမျိုးသားချည်းသာ ဦးဆောင်ရင် ဘက်စုံမြင်နိုင်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ်ပြောခွင့်ရ ဒေါ်တင်တင်ညိုက ခုလိုပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာကလည်း ဥပဒေမှာပါ ပြဌာန်းသင့်ကြောင်း ခုလို ပြောပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုပါတီထဲမှာ ၂၀၁၀ ရွေးကောက်ပွဲဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ခေါင်းဆောင်နဲ့ ပါတီဝင်တချို့ ပါဝင်ပါတယ်။

အရန်ပါတီဝင်ထဲမှာတော့ တိုင်းလျဲန် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ၀ဒီမိုကရက်တစ်ပါတီ၊ ၀အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ကယားလူမျိုးစုဒီမိုကရေစီပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013