DVB Logo
Home
မြန်မာသတင်း
မြန်မာဆန်အရည်အသွေး စစ်ဆေးရန် တရုတ်ကိုယ်စားလှယ်အဖွဲ့ လာမည်
DVB
·
August 12, 2014
မြန်မာဆန်အရည်အသွေး စစ်ဆေးရန် တရုတ်ကိုယ်စားလှယ်အဖွဲ့ လာမည်
Donate to DVB

မြန်မာဆန်တွေ တရုတ်ကို တရားဝင် တင်ပို့နိုင်ဖို့အတွက် တရုတ်နိုင်ငံက အရည်အသွေး ထိန်းသိမ်းမှုနဲ့ စံချိန်စံနှုန်းကို စစ်ဆေးမယ့် ကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံ လာရောက်မယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက ပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်တဲ့ အဖွဲ့ဝင် ၃ ဦးပါဝင်မယ့် ဒီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာဆန် အရည်အသွေး ထိန်းသိမ်းမှုနဲ့ စံချိန်စံနှုန်း စစ်ဆေးမယ့် အဖွဲ့လည်း ဖြစ်ပါတယ်။

Riceဒီအဖွဲ့က မြန်မာနိုင်ငံမှာ ရှိတဲ့ ဆန်စပါး အရည်အသွေးနဲ့ ပတ်သက်တဲ့ ဓာတ်ခွဲခန်းတွေကို လိုက်လံကြည့်ရှု မှာ ဖြစ်သလို လိုအပ်ချက်တွေ ကို ဆွေးနွေး မှာ ဖြစ်ပြီး မြန်မာ ကိုယ်စားလှယ်တွေ ကလည်း တရုတ်ကို သွားရောက်ကြည့်ရှုကာ အရည်အသွေးနဲ့ ပတ်သက်ပြီး အပြန်အလှန် သဘောတူညီချက်တွေ ရယူမှာ ဖြစ်ပါတယ်။

ဇူလိုင်  ၂၈ ရက်နေ့ကနေ စတင်ပြီး တရုတ်အစိုးရက မြန်မာ၊ ဗီယက်နမ်နယ်စပ်က တရား မ၀င် ဆန်တင်သွင်းမှုကို စတင် ဖမ်းဆီးအရေးယူမှုခဲ့ပါတယ်။

ဒါကြောင့် နယ်စပ်က ဆန်တင်သွင်းမှု ပိတ်ပင်ထားတဲ့ ကိစ္စအပါအ၀င် ဆန်စပါး ကုန်သွယ်မှုမူဝါဒ ပေါ်ထွက်လာစေဖို့၊ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေအပေါ် အဖြေရှာဆွေးနွေးဖို့ တရုတ်သံရုံးက စီးပွားရေးသံမှူး၊ စီးပွားကူးသန်းဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးအပါအ၀င် တာဝန်ရှိသူတွေ  မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မူဆယ် ဆန်စပါးအသင်းချုပ်တို့က သြဂုတ် ၁၂ ရက်နေ့မှာ ဆွေးနွေးခဲ့ပြီး အခုလို လာရောက်ဖို့ တရုတ်ဘက်က သဘောတူလိုက်တာလို့  မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

တရုတ် ဗဟိုအစိုးရနဲ့ အရည်အသွေးစစ်ဆေးတာကို သဘောတူလိုက်တယ်ဆိုရင် ကျန်တဲ့ ပြည်နယ် တခုချင်းစီအလိုက် အရည်အသွေးနဲ့ ပတ်သက်ပြီး ကွဲပြားသတ်မှတ်ထားတာကို ထပ်မံ စစ်ဆေးဖို့ မလိုဘူးလို့ ဆိုပါတယ်။

ဒါအပြင် စီးပွားကူးသန်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ၀န်ကြီးဌာနနဲ့ မြန်မာဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး အရည်အသွေးစစ်ဆေးတဲ့ ကိစ္စရပ်ကို အကောင်ထည်ဖော်ရေးအတွက် ကော်မတီတရပ်ကို ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်ဘက်က တရားမ၀င်ဆန်တွေကို ဖမ်းဆီးနေတဲ့အတွက် မူဆယ်မှာ မြန်မာဆန်တွေ တန်ချိန် သောင်းချီ သောင်တင်နေတဲ့အတွက် မူဆယ်ကို ဆန်မပို့ကြဖို့လည်း ဒေါက်တာ စိုးထွန်းက သတိပေးပြောဆိုပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013