Home
မြန်မာသတင်း
ဒေါပုံတွင် ပရိဘောဂဆိုင် မီးလောင်
DVB
·
October 25, 2023
FamilyChoiceFurniture Fire_25102023
FamilyChoiceFurniture Fire_2_25102023

ရန်ကုန်၊ ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ယမုံနာလမ်းရှိ Family Choice ပရိဘောဂဆိုင်မှာ အောက်တိုဘာ ၂၄ ရက်၊ ‌မွန်းလွဲပိုင်းက Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ဆိုင်ထပ်ခိုးနေရာကနေ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်လောက်က ဝါယာရှော့ဖြစ် မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်မျက်နှာကျက်၊ ဆိုင်ရှိ ပရိဘောဂပစ္စည်းတွေနဲ့ နံရံအကာတွေ ပျက်စီးသွားပါတယ်။

လောင်စာအားကောင်းနေတာကြောင့် မွန်းလွဲ ၂ နာရီ ၃၂ မိနစ်ခန့်မှာ Level 1 အဆင့် ခေါ်ခဲ့ရပြီး ထိစပ်မြို့နယ်တို့က မီးသတ်ယာဉ်အုပ်စုတွေနဲ့ အရပ်ဘက်အသင်းတွေ လာရောက် မီးငြှိမ်းသတ်ခဲ့ကြပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်က စစ်ဆေးတွက်ချက်နေဆဲဖြစ်ကာ မီးလောင်မှုအတွင်း လူထိခိုက်မှု မရှိဘူးလို့ သိရပြီး မွန်းလွဲ ၂ နာရီ ၃၆ မိနစ်ကျော်မှာ မီးထိန်းနိုင်၊ ၂ နာရီ မိနစ် ၄၀ ခန့်မှာ မီးငြိမ်းသွားပါတယ်။

အောက်တိုဘာ ၁၇ ရက် ညပိုင်းကလည်း ရန်ကင်းမြို့နယ်၊ ရန်ကင်းစင်တာ ဒုတိယထပ်ရှိ ပြုပြင်လက်စ တိုက်ခန်းတခုမှာ Level 1 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

ရန်ကုန်၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ စိတ္တသုခလမ်းမှာ အောက်တိုဘာ ၂၅ ရက် မနက် ၇ နာရီ ၁၂ မိနစ်လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့ပြီး မနက် ၇ နာရီ ၂၆ မိနစ်မှာ မီးငြိမ်းသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024