ဂါဇာမြို့မှာ အောက်တိုဘာ ၂၄ ရက်က ပစ်ခတ်တိုက်ခိုက်မှုတွေကြေင့် အကြီးအကျယ် ပေါက်ကွဲမှုတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပြီး မြို့တော်အတွင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ ပေါက်ကွဲနေတာတွေကို ဗီဒီယိုမှတ်တမ်းတွေမှာ မြင်ရပါတယ်။
ဂါဇာတောင်ပိုင်းက ခန်းယူနစ်မြို့မှာ အောက်တိုဘာ ၂၄ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကြားမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာနေပုံကို ဒရုန်းယာဉ်နဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ တွေ့ရတာပါ။
ကယ်ဆယ်ရေးသမားတွေနဲ့ နေထိုင်သူတွေက ပြိုကျနေတဲ့ အဆောက်အဦရဲ့ အကြွင်းအကျန်တွေကို ဖယ်ပြီး ရှင်သန်ကျန်ရစ်သူတွေကို ကယ်ဆယ်ဖို့ အပျက်အစီးတွေကို ဖယ်ရှားဖို့ မြေတူးစက်တွေကို သုံးခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေက အစ္စရေးနိုင်ငံထဲကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁,၄၀၀ ကျော် သေဆုံးပြီး ဓားစာခံ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။
အဲဒီနောက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက လေကြောင်းနဲ့ အမြောက်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေး ၂,၃၆၀ ဦး အပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၅,၇၉၁ ဦး သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၇၀၄ ဦး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
Source/Photo-Reuters