DVB Logo
Home
နိုင်ငံတကာ
စစ်ပွဲနောက်တဆင့်အတွက် အဆင်သင့်ရှိနေပြီဟု အစ္စရေးစစ်တပ်ပြော
DVB
·
October 25, 2023
စစ်ပွဲနောက်တဆင့်အတွက် အဆင်သင့်ရှိနေပြီဟု အစ္စရေးစစ်တပ်ပြော
Donate to DVB

အစ္စရေးစစ်တပ်ဟာ စစ်ပွဲနောက်တဆင့်အတွက် အဆင်သင့်ရှိနေပြီဖြစ်ပြီး ညွှန်ကြားချက်ကို စောင့်မျှော်နေကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

“အစ္စရေးရဲ့ IDF တိုက်ခိုက်ရေးသမားတွေဟာ မြေပြင်မှာ အဆင်သင့်ဖြစ်နေပြီး အမိန့်ထုတ်ပြန်လာချိန်အထိ လေ့ကျင့်မှုတွေ ဆက်လုပ်ဆောင်နေကြတယ်” လို့ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက ပြောပါတယ်။

ရှေ့ပိုင်းမှာလည်း တိုက်ပွဲတွေ ရက်သတ္တပတ်ချီ ကြာမြင့်ခဲ့ပြီး စစ်ဆင်ရေးအတွက် အသင့်တော်ဆုံးအချိန်နဲ့ နိုင်ငံရေးညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဟာဂါရီက ပြောပါတယ်။

အစ္စရေးဟာ အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းအရေး အတွေ့အကြုံကနေ သင်ယူနေပေမဲ့ ဒီစစ်ပွဲဟာ အစ္စရေးရဲ့ နယ်နိမိတ်ပေါ်မှာပဲ ရှိနေပြီး အစ္စရေးကနေ မိုင်ထောင်ချီဝေးနေတာ မဟုတ်ကြောင်းလည်း ဟာဂါရီက ပြောပါတယ်။

အစ္စရေးအတွက် ထိပ်တန်းဦးစားပေးဖြစ်တဲ့ ဂါဇာမှ ဓားစာခံတွေလွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းမှုမှာတော့ အီဂျစ်ဟာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ ဆိုပါတယ်။

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် ကလည်း မြေပြင်တိုက်ပွဲအတွက် ဂါဇာနယ်စပ်မှာ တပ်ဖွဲ့ဝင်တွေကို အစုလိုက်အပြုံလိုက် တပ်ချထားပြီး စစ်ပွဲ နောက်တဆင့်အတွက် သေချာပြင်ဆင်နေတာလို့ အောက်တိုဘာ ၂၄ ရက်မှာ ပြောကြားပါတယ်။

အစ္စရေးဝန်ကြီးချုပ်ဟာ နိုင်ငံတောင်ပိုင်းနယ်စပ်ရှိ ကမ်းခြေတွေကို လှည့်လည်ကြည့်ရှုခဲ့သလို အက်ရှ်ဒေါ့ဒ် ရေတပ်အခြေစိုက်စခန်းကိုလည်း သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013