DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
သြဂုတ် ၁၃ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
August 12, 2014
သြဂုတ် ၁၃ ရက် မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
Donate to DVB

သြဂုတ် ၁၂ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ် နေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ မြောက်ပိုင်း၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ်နေပြီး ကျန်ဒေသတွေမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။

သြဂုတ် ၁၃ ရက်နေ့

မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့် ရှိနိုင်ပြီး လှိုင်းအမြင့် ၄ ပေကနေ ၅ ပေလောက်မြင့်တက်နိုင်ပါတယ်။

[caption id="attachment_16687" align="alignright" width="300"]ဒေါက်တာ ထွန်းလွင် ဒေါက်တာ ထွန်းလွင်[/caption]

ခရမ်း လွန်ရောင်ခြည်မြင့် တက်နိုင်မှုကတော့ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ အောက် ကျရောက်နိုင် တာကတော့ ပဲခူးမြို့၊ မကွေး မြို့၊ နေပြည်တော်၊ ဘား အံမြို့၊ မြစ်ကြီးနားနဲ့ လားရှိုးမြို့ တို့ ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံးကျရောက်နိုင်တဲ့ လားရှိုးမြို့မှာ အညွှန်းကိန်းတန်ဖိုး ၄.၈ သာရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ လွန်ကဲအဆင့်ထက်မြင့်တက်နိုင်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတွေဟာ ၁၁ ကနေ ၁၃ ကျော်အထိ မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး ကျရောက်နိုင်တာကတော့ ကော့သောင်းမြို့နဲ့ ထားဝယ်မြို့တို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၃.၃ စီိ ကျရောက်နိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှိုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် သေချာမှုရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှုခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့ သေချာမှု ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ နေရာကွက်ကြားမိုးရွာနိုင်ပြီး မိုးရွာဖို့ သေချာမှုအနေနဲ့  ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ မွန်ပြည်နယ် တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာ လောက် မိုးရွာနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၂ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

ရန်ကုန်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၉၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013