DVB Logo
Home
နိုင်ငံတကာ
ဘတ်ငွေသန်း ၅၀၀ ကျော်ဝင်ငွေရနေသည့် ထိုင်းသရဲကားကို ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ သွားကြည့်မည် 
DVB
·
October 24, 2023
ဘတ်ငွေသန်း ၅၀၀ ကျော်ဝင်ငွေရနေသည့် ထိုင်းသရဲကားကို ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ သွားကြည့်မည် 
Donate to DVB

ထိုင်းနိုင်ငံမှာ အထူးရေပန်းစားနေတဲ့ သုဘရာဇာသရဲကားကို ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်လည်း စိတ်ဝင်စားပြီး ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအားလုံးနဲ့အတူ သွားကြည့်ကြမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ ဆယမ်ပါရာဂွန်ကုန်တိုက်ထဲရှိ ရုပ်ရှင်ရုံမှာ မနက်ဖန်  အောက်တိုဘာ ၂၅  ရက်ည ပွဲစဉ်ကို ကြည့်ရှုအားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖွေ့ထိုင်းပါတီမဟာဗျူဟာကော်မတီဒုဥက္ကဋ္ဌ ဖဲထောင်းထန်း ရှင်နာဝပ်ကလည်း သွားကြည့်မယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံတဝန်း ရုပ်ရှင်ရုံတွေမှာ လက်ရှိ ရုံတင်ပြသနေတဲ့ သုဘရာဇာလို့အဓိပ္ပါယ်ရတဲ့ ဆပလေ ဇာတ်ကားဟာ ပရိသတ်အားပေးမှု အကြီးအကျယ်ရနေပြီး မနေ့ကအထိ လက်မှတ်ရောင်းရငွေ ဘတ်သန်းပေါင်း ၅၀၀  ရနေပြီလို့  ချနယ်လ် ၃ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဇာတ်ညွှန်းရေးသူနဲ့ ဒါရိုက်တာဖြစ်သူ တောင့်တေ့ ခေါ်  ထိသီဆီနွန်းကလည်း လက်မှတ် ဘတ်သန်းပေါင်း ၅၀၀ ထိရအောင် တခဲနက်အားပေးခဲ့ကြတဲ့ ပရိသတ်အားလုံးကို အထူးကျေး ဇူးတင်ကြောင့် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

အဆိုပါ ဆပလေ သရဲကားမှာ ထုတ်လုပ်မှုကုန်ကျစရိတ် ဘတ် ၁၀ သန်းသာ ရင်းနှီးခဲ့ရပေမဲ့ ရုံတင်ပြသတဲ့ ၁၈ ရက်အတွင်း လက်မှတ်ရောင်းရငွေ ဘတ်သန်းပေါင်း ၅၀၀ ထိရရှိ ခဲ့တာပါ။ 

ထိုင်းရုပ်ရှင် ရာဇဝင်ကားတွေမှာ လူကြိုက်များတဲ့ ဆူရိယိုးထိုင်းဇာတ်ကားမှာ ဘတ်သန်းပေါင်း ၅၅၀ ကျော်ဝင်ငွေရခဲ့ပြီး  ဖရနရေ့ဆွန် ( ဗြနရာဇ် ) ဘုရင်ဇာတ်ကားကတော့ ပထမတွဲမှာ ဘတ်သန်းပေါင်း ၂၁၉ သန်း ၊ ဒုတိယတွဲမှာ ၂၁၆ သန်းဖိုး ဝင်ငွေရခဲ့ပါတယ်။ 

ဆပလေဇာတ်ကားကတော့ အဲဒီထက် စံချိန်တင် ဝင်ငွေရဖွယ်ရှိပြီး ကမ္ဘာ့နိုင်ငံတွေအထိ ထိုးဖောက်နိုင်မယ့်အခြေအနေရှိတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။ 

sources-Khaosod

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013