DVB Logo
Home
နိုင်ငံတကာ
အယ်လ်နီညိုကြောင့် အင်ဒိုနီးရှားလယ်သမားများ အသီးအရွက်ပြောင်းစိုက်
DVB
·
October 24, 2023
အယ်လ်နီညိုကြောင့် အင်ဒိုနီးရှားလယ်သမားများ အသီးအရွက်ပြောင်းစိုက်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံက စပါးစိုက်တဲ့ တောင်သူလယ်သမားတွေဟာ ဘဝတလျှောက်လုံး စပါးစိုက်လာခဲ့ရာက အခုအခါမှာတာ့ အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မိုးခေါင်တာ ခံနိုင်ရည်ရှိတဲ့ တခြား ဟင်းသီးဟင်းရွက်တွေကို ပြောင်းလဲ စိုက်ပျိုးနေရပါတယ်။

အယ်လ်နီညိုရာသီဥတုရဲ့ အစွန်းရောက်အောင် ကြာရှည် ခြောက်သွေ့မှုက ဘာလီကျွန်းကို သက်ရောက်ခဲ့တာပါ။

မိုးခေါင်တာ အခြေအနေ ပိုဆိုးလာပြီး ဒေသခံတချို့က သန့်ရှင်းတဲ့ သောက်ရေကို ရဖို့ တန်းစီစောင့်ဆိုင်းနေရလို့ အောက်တိုဘာ ၁၉ ရက်ကစပြီး ၁၄ ရက်ကြာ အရေးပေါ် အခြေအနေကို ကြေညာခဲ့ရပါတယ်။

ဘာလီကျွန်းပေါ် အဆိုးဆုံးထိခိုက်တဲ့ ဒေသဖြစ်တဲ့ ဂျမ်ဘရာနာမှာ မိုးမရွာတာ ငါးလရှိပြီဖြစ်ပြီး အကြီးဆုံးဆည်ဖြစ်တဲ့ ပါလာစာရီဆည်မှာ အစက ရေကုဗမီတာ ၈ သန်းရှိရာက ခုတော့ ရေကုဗမီတာ ၃၂၀,၀၀၀ ကျော်သာ ကျန်တော့တယ်လို့ ကပ်ဘေး လျော့ပါးသက်သာရေးဌာနက ပြောပါတယ်။

နိုင်ငံရဲ့ ၂၀၂၃ ခုနှစ်မှာ ဆန်ထွက်ရှိမှုဟာ မက်ထရစ်တန်ချိန် ၃၀ ဒသမ ၉၀ သန်းနဲ့ ညီတဲ့ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်တယ်လို့ အင်ဒိုနီးရှားစာရင်းအင်းဗျူရိုက အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွက် စပါးရိတ်သိမ်းဧရိယာဟာ ဟက်တာ ၁၀ ဒသမ ၂ သန်းရှိပြီး မနှစ်က ဟက်တာ ၁၀ ဒသမ ၄၅ သန်းကနေ လျော့ကျခဲ့တာပါ။

အခုနှစ်အစောပိုင်းမှာ အယ်နီညိုရဲ့ သက်ရောက်မှုကြောင့် ပြင်းထန်ခြောက်သွေ့တဲ့ ရာသီကို သတိပေးခဲ့ပြီး ကောက်ရိတ်သိမ်းခြင်းကို ခြိမ်းခြောက်နေသလို တောမီးလောင်ကျွမ်းမှု အန္တရာယ်ကို မြင့်မားစေတယ်လို့ အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ အေဂျင်စီက သတိပေးခဲ့ပါတယ်။

ဩဂုတ်လကနေ နိုဝင်ဘာလဆန်းပိုင်းအတွင်း အမြင့်ဆုံးဖြစ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

အင်ဒိုနီးရှား သဘာဝဘေးလျော့ပါးရေး အေဂျင်စီက ဂျမ်ဘရာနာနယ်မြေထဲက ရွာ ၆  ရွာမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ပေးဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်။

ဘာလီကျွန်းမှာ နေထိုင်သူတွေနဲ့ ခရီးသည်တွေကတော့ ဆက်ပြီး အပူရှောင်နေကြပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013