DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် စွဲချက် ထပ်တင်
DVB
·
October 24, 2023
ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းကို နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် စွဲချက် ထပ်တင်
Donate to DVB

ပါကစ္စတန်နိုင်ငံရဲ့  တရားရုံးတခုက ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်းနဲ့ လက်ထောက်ဖြစ်သူ တို့ကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ထပ်ပြီး စွဲချက်တင်လိုက်ပါတယ်။ 

ဒါကြောင့် ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ်နားက အကျဉ်းထောင်တခုမှာ ထိန်းသိမ်း ခံထားရတဲ့ ခန်းကို နောက်တကြိမ် ထိုးနှက်ရာ ရောက်ခဲ့ပါတယ်။ 

၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ် အထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ရာထူးသက်တမ်းအတွင်း ခန်း က နိုင်ငံတော်လက်ဆောင်တွေကို တရားမဝင် ရောင်းချခဲ့တယ်ဆိုပြီး အကျင့်ပျက်ခြစားမှု စွဲချက်တွေအရ ပြီးခဲ့တဲ့သြဂုတ်လမှာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ 

အဲဒီနောက် ရက်သတ္တပတ်တချို့ အကြာမှာပဲ ခန်းရဲ့  ထောင်ဒဏ်ကို တရားရုံးတခုက ဆိုင်းငံ့ပေးခဲ့ပေမဲ့ နိုင်ငံတော် လျှိုဝှက်ချက် အမှုကြောင့် အခုလို မလွတ်မြောက်နိုင်သေးတာ ပါ။ 

ဒီတရားစွဲဆိုချက်တွေဟာ လာမယ့်နှစ်အစောပိုင်းမှာ ကျင်းပသွားမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် မရအောင် ရပ်တန့်နိုင်ဖို့ တမင်အကွက်ချထားတာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်းက ပြောကြားခဲ့ပြီး အာဏာပိုင်တွေဘက်က ငြင်းဆန်ထားပါတယ်။

ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့  ရွေးကောက်ပွဲ ကော်မရှင်ကလည်း ခန်းကို နိုင်ငံရေးလောကနဲ့  ၅ နှစ်တာ မပတ်သက်ဖို့ ပိတ်ပင်ခဲ့ပြန်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရတဲ့ ခန်းဟာ ထောင်ဒဏ်ကျခံ နေရပေမဲ့လည်း ပါကစ္စတန်ပြည်သူတွေကြား လူကြိုက်များနေဆဲဖြစ်ကြောင်းဖော်ပြ ထားပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013