DVB Logo
Home
Lead Story
ဟင်္သာတတွင် လယ်ယာမြေဖွံ့ဖြိုးရေး လယ်သမား ၅၀၀ ခန့် ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
August 12, 2014
ဟင်္သာတတွင် လယ်ယာမြေဖွံ့ဖြိုးရေး လယ်သမား ၅၀၀ ခန့် ဆန္ဒပြ (ဓာတ်ပုံ)
1 / 7
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ လယ်ယာမြေစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ တောင်သူလယ်သမားတွေက တောင်းဆိုချက် ၈ ချက်ကို ကြွေးကြော်ပြီး ဒီနေ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

လယ်မြေ ရေကြီးနစ်မြုပ်မှုတွေ လျော့နည်းပပျောက်စေဖို့ အမြန်ဆောင်ရွက်ပေးရေး၊ လယ်ယာမြေ ရေနုတ်မြောင်းတွေကို အင်းအဖြစ်ကနေ ပယ်ဖျက်ပေးရေး၊ လယ်ယာမြေ ရေနုတ်မြောင်းတွေကို စနစ်တကျ တူးဖော်ပေးရေး၊ လယ်ယာမြေရေသွင်း ရေထုတ်မြောင်းတွေကို ဆည်မြောင်းဝန်ကြီးဌာနရဲ့ စီမံကွပ်ကဲမှုအောက်မှာ ထားရှိရေးတို့ကို တောင်းဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အင်းစည်းကမ်းချိုးဖောက်လုပ်ကိုင်တဲ့ အင်းသားကြီးတွေကို ထိရောက်စွာ အရေးယူပေးရေး၊ တာဝန်ပျက်ကွက်တဲ့ ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးမှူးကို အမြန်ဆုံးအရေးယူပေးရေး၊ လယ်ယာမြေရေနုတ်မြောင်းတွေပေါ် ငါးဖမ်းဆည်တည်ဆောက်မှု အလိုမရှိ၊ တာဝန် ပျက်ကွက်တဲ့ ဟင်္သာတခရိုင်ငါးလုပ်ငန်းဦးစီးမှူး အလိုမရှိ စတဲ့ အချက် ၈ ချက်ပါ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်မှုကို ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးရဲ့ ခွင့်ပြုမိန့်အရ စီတန်းလှည့်လည်ခဲ့ပြီး လယ်သမား အများစုပါဝင်ကာ အင်အား ၅ဝဝ လောက် ဆန္ဒပြခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး icj 

01 02 03 04 05 06 07

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013