DVB Logo
Home
အားကစား
မွေးရပ်မြေကလပ် ကိုပင်ဟေဂင်နှင့်ပွဲ ဟွိုက်လန်းအတွက် ထူးခြားဟု မန်ယူနည်းပြပြော
DVB
·
October 24, 2023
မွေးရပ်မြေကလပ် ကိုပင်ဟေဂင်နှင့်ပွဲ ဟွိုက်လန်းအတွက် ထူးခြားဟု မန်ယူနည်းပြပြော
Donate to DVB

မွေးရပ်မြေကလပ် ကိုပင်ဟေဂင်နဲ့ ကစားရမယ့်ပွဲဟာ တိုက်စစ်မှူးဟွိုက်လန်းအတွက် ထူးခြားတဲ့ပွဲစဉ်ဖြစ်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။

ဒိန်းမတ်တိုက်စစ်မှူးဟာ ကိုပင်ဟေဂင်မှာ မွေးခဲ့သူဖြစ် ပြီး အသင်းတွက် စုစုပေါင်း ၃၂ ပွဲကစားခဲ့ဖူးပါတယ်။

အဲဒီနောက် စတမ်းဂရက်ဇ်အသင်းဆီ ပြောင်းရွှေ့ပြီး အက်တလန်တာအသင်းဆီ ဆက်လက် ပြောင်းရွှေ့ခဲ့တာပါ။

မွေးရပ်မြေကလပ်နဲ့ တွေ့ရမယ့်ပွဲစဉ်ဟာ ဟွိုက်လန်းအတွက် ထူးခြားပြီး စိတ်ဓာတ်လှုံ့ဆော်မှုလည်း ပေးစွမ်းနိုင်မှာဖြစ်ကြောင်း နည်းပြတန်  ဟတ်ဂ်က ပြောပါတယ်။ 

“ကျနော်အတွက်၊ အသင်းအတွက်ပြီးတော့ သူ့အတွက် ဒီပွဲမှာ မှန်ကန်တဲ့ ရည်မှန်းချက်နဲ့ မှန်ကန်တဲ့ ဟန်ချက်ညီမျှမှုတွေ သူလုပ်ဆောင်နိုင်ပါလိမ့်မယ်။” 

ဟွိုက်လန်းဟာ သူ့ရဲ့ အမွှာညီနှစ်ဦးဖြစ်တဲ့ အော်စကာဟွိုက်လန်းနဲ့ အင်မီးဟွိုက်လန်းတို့ နဲ့လည်း ပြန်လည်တွေ့ဆုံရဖို့ ရှိပါတယ်။

မန်ယူအသင်းဟာ အုပ်စု ၂ ပွဲ ကစားအပြီးမှာ အမှတ်မရသေးတာကြောင့် ကိုပင်ဟေဂင်နဲ့ ပွဲမှာ မဖြစ်မနေ အနိုင်သုံးမှတ်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013