DVB Logo
Home
မြန်မာသတင်း
ကျင့်ဝတ်နှင့်ညီပါက သတင်းသမားများ အန္တရာယ်ကင်းနိုင်
DVB
·
August 12, 2014
ကျင့်ဝတ်နှင့်ညီပါက သတင်းသမားများ အန္တရာယ်ကင်းနိုင်
Donate to DVB

သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ကျင့်သုံးမယ်ဆိုရင် သတင်းသမားတွေကို အကာအကွယ် ပေးနိုင်မယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

dvb copyစာနယ်ဇင်းကောင်စီ အနေနဲ့ သတင်းမီဒီယာကျင့် ၀တ်ကို သတင်းတိုက်တွေမှာ သွားရောက်ဆွေးနွေးနေ ပြီး ဒီဗွီဘီ မာလ်တီမီဒီယာ ဂရုပ်မှာ  ဒီနေ့ လာရောက် ဆွေးနွေး ခဲ့ပါတယ်။

“ဥပဒေကြောင်းအရ လာမယ့် ကျည်ဆန်တွေကို ကာကွယ်ပေးမယ့် ကျည်ကာအင်္ကျီပဲ။ ၉၉ ရာခိုင်နှုန်း အကာ အကွယ်ပေးနိုင် ပါ လိမ့်မယ်” လို့ စာနယ်ဇင်းကောင်စီဝင် ဦးသီဟစောက ပြောပါတယ်။

စာနယ်ဇင်းကောင်စီဝင်တယောက်ဖြစ်တဲ့ ဦးဇော်သက်ထွေးကလည်း “ဒီကျင့်ဝတ်တွေကသတင်းသမားတွေ ကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ ဒီကျင့်ဝတ်တွေကို ဂျာနယ်လစ်ပေါင်း ၄၅၀၀ ကျော်ရဲ့ သဘောတူညီချက်တွေ ပါတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အခုလို ကျင့်ဝတ်အကြောင်းကို သတင်းတိုက်ပေါင်း ၁၅ ခုမှာ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ အခြေခံအချက် ၂၇ ချက်ပါတဲ့ သတင်းမီဒီယာကျင့်ဝတ်ကို ၂၀၁၃ နှစ်ကုန်ပိုင်းမှာ စတင်ရေးဆွဲခဲ့ပြီး ၂၀၁၄ ခုနှစ် မေလမှာ အများသိအောင် ဖြန့််ဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013