DVB Logo
Home
သတင်းတို
၂၀၃၀ ရောက်ရင် တနိုင်ငံလုံး မီးလင်းမည်
DVB
·
August 12, 2014
၂၀၃၀ ရောက်ရင် တနိုင်ငံလုံး မီးလင်းမည်
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ရောက်ရင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိဖို့ စီမံချက်ရေးဆွဲ လျာထားပြီး လက်ရှိအချိန်မှာ ကျေးရွာ ၁၆၀ လောက် မီးလင်းဖို့ ဂျပန် အစိုးရအဖွဲ့အစည်း ဖြစ်တဲ့ ဂျိုက်ကာအဖွဲ့ဆီကနေ ချေးငွေ ယန်း သန်း ၅ ထောင် ရယူ အကောင်အထည် ဖော်နေတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောပါတယ်။

yangon view copyသြဂုတ် ၈ ရက်နေ့က နေပြည်တော် မှာ အစိုးရတာဝန်ရှိသူတွေနဲ့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေ တက်ရောက်တဲ့ အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေး စီမံချက် အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

မြန်မာ့လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်အတွက် ဂျပန် ဂျိုက်ကာရဲ့ အကူအညီနဲ့ မာစတာ ပလန်းကို ရေးဆွဲနေတာ မူကြမ်းပြီးနေပြီလို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

စီမံချက်ထဲမှာ ၀န်ကြီးဌာနရဲ့ ပင်မ ဓာတ်အားပေးရေးစနစ်ကနေ ဆက်သွယ် တိုးချဲ့သွားရေးကို အဓိကထား ရေးဆွဲထားတယ်လို့ ဦးခင်မောင်စိုးက ရှင်းပြပါတယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013