DVB Logo
Home
Lead Story
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး
DVB
·
August 12, 2014
သမ္မတ ဦးသိန်းစိန်နှင့် တရုတ်၊ အိန္ဒိယ စီးပွားရေးကိစ္စ ဆွေးနွေး
Donate to DVB

သြဂုတ် ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ၀မ်ယီ၊ အိန္ဒိယ ပြည်ပရေးရာဝန်ကြီး မစ္စ ဆူ့ရှ်မားဆွာရပ်ဂ်ျ တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တယ်လို့ မြန်မာ့သတင်းစဉ်က သတင်းထုတ်ပြန်ပါတယ်။

[caption id="attachment_39191" align="alignright" width="300"]ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်) ဦးသိန်းစိန် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုဒ်)[/caption]

ထုတ်ပြန်ချက်ထဲမှာ အိန္ဒိယ ပြည်ပရေးရာ ၀န်ကြီးနဲ့ တွေ့ဆုံစဉ် တရုတ် - အိန္ဒိယ - ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စ၊ အိန္ဒိယ- မြန်မာနဲ့ ထိုင်း ဆက်သွယ်ရေး လမ်းကြောင်း တည်ဆောက်ရေး၊ ကုလား တန် မြစ်ကြောင်း စီမံကိန်း၊ နယ်စပ် ကုန်သွယ်ရေး၊ နယ်စပ်လုံခြုံရေး နဲ့ ပြည်သူချင်း ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာလည်း တရုတ်-အိန္ဒိယ- ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ စီးပွားရေးစင်္ကြန်ကိစ္စ၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ နိုင်ငံအတွင်း အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးကိစ္စ၊ အသေးစားချေးငွေကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးကိစ္စနဲ့ အခြား ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013