ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင် ပြင်ဆင်ဖွဲ့စည်း
DVB
·
August 12, 2014

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ပြင်ဆင် ဖွဲ့စည်းကြောင်း အစိုးရက သြဂုတ် ၁၁ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနအစား အဖွဲ့ဝင် ဗိုလ်ချုပ်တင်အောင်ချစ်၊ ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာနအဖြစ် ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း ဖော်ပြထားပါတယ်။











