DVB Logo
Home
Lead Story
အမှတ်တံဆိပ် ၂ မျိုးကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
DVB
·
August 12, 2014
အမှတ်တံဆိပ် ၂ မျိုးကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကြေညာ
Donate to DVB

ကျန်းမာရေးဝန်ကြီးဌာနက ရွှေစံအိမ် အမှတ်တံဆိပ် ရှူးရှဲလက်ဖက်နဲ့ YIMAO –Food အမှတ်တံဆိပ် ဖလိတ်ပ်ပြား စတဲ့ အစားအသောက် နှစ်မျိုးကို စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

No foodဈေးကွက်တွေ မှာ ရောင်းချနေတဲ့ အစားအသောက်တွေ ကို ဈေးတွေ၊ ကျောင်းမုန့် ဈေးတန်းတွေက ၀ယ်ယူစစ်ဆေးရာမှ အထက်ပါ အမှတ်တံဆိပ်တွေ နဲ့ ပြုလုပ်ထားတဲ့ အစားအသောက် နှစ်မျိုးမှာ ဆိုးဆေးတွေပါဝင်ကြောင်း တွေ့ရှိရလို့ စားသုံးရန်မသင့်ကြောင်း ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာလို့ ဆိုပါတယ်။

အစားအသောက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတွေဟာ အစားအသောက်တွေမှာ သုံးစွဲရန် ခွင့်မပြုတဲ့ ဓာတုဆိုးဆေးတွေကို လုံးဝအအသုံးမပြုဖို့နဲ့ မလိုက်နာပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ တရားစွဲအရေးယူသွားမယ်လို့ ကြေညာချက်မှာ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013